1 w - Translate

တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာက ပြခန်း ၈၄ ခန်းပြသ
-----------------------------
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်း ပြသထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ် မယ့် အဲဒီ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ အာရေဗီးကာကော်ဖီ၊ ရေထွက်ကုန်၊ သစ်သီးဝလံ၊ လက်ဖက်၊ ဟင်းခတ်အမွှေးအကြိုင်၊ သစ်သားထည်၊ လက်မှုအနုပညာနဲ့ ကျောက်မျက် စတဲ့ ပြခန်းတွေ ပါဝင်ပြသ နေတာပါ။

ကုန်စည်ပြပွဲကို ကျင်းပတာဟာ ချစ်ကြည်ရင်နှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှု အကျိုးကျေးဇူး ရရှိစေဖို့ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ-၃ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နဲ့ တရုတ်-အာဆီယံဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ အာဆီယံ (၁၀)နိုင်ငံနဲ့ တရုတ်နိုင်ငံတွေက ပြခန်းပေါင်း ၃၀၀၀ ကျော် ပါဝင်ပြသထားတာ ဖြစ်တယ်လို့ သိရပါတယ်။

image