1 w - Translate

ထွန်းထွန်းမင်းက ရေဘေးအတွက် ကူညီလှူဒါန်းမည်
----------------------
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ သူရဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ် လေလံတင် ရောင်းချ ရငွေနဲ့ စက်တင်ဘာလ(၂၇)ရက်မှာ ကလောမြို့က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ ထွန်းထွန်းမင်းနဲ့အတူ ရိုးရာလက်ဝှေ့ကျော်တွေ၊ နာမည်ကျော် လက်ဝှေ့သမားတွေနဲ့ မျိုးဆက်သစ် လက်ဝှေ့ လူငယ်တွေ ပါဝင်ပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ။

လှူဒါန်းမှာကတော့ ချန်ပီယံ ခါးပတ်ရောင်းချငွေ အပါအဝင် အလှူရှင်တွေရဲ့ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း (၈၀၀)နီးပါလောက် ကုန်ကျခံပြီး လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရာမှာ ဆန်အိတ်(၅၀၀)၊ ဆီပုံး (၅၀၀) အပါအဝင် အဝတ်အထည်၊ ခေါက်ဆွဲခြောက်နဲ့ အခြား စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေပါ လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image