1 w - Translate

မန်ယူအသင်း၏ အကြီးမားဆုံးပြဿနာကို နည်းပြတန်ဟတ်ဂ် ထုတ်ဖော်ပြော
မန်ယူအသင်းရဲ့ အကြီးမားဆုံးပြဿနာကို နည်းပြအဲရစ်တန်ဟတ်ဂ်က ထုတ်ဖော်ပြောဆို သွားပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်အဖွင့်ပွဲစဉ်မှာ အက်ဖ်စီတွမ်တီးနဲ့ ဂိုးမရှိသရေ ရလဒ်သာ ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းအားနည်းမှုတွေရှိခဲ့ပါတယ်။

အလားတူ ပရီးမီးယားလိဂ်မှာလည်း အပိုင်အခွင့်အရေးလွဲချော်မှု အများဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်နေတာပါ။

မန်ယူအသင်းရဲ့အကြီး မားဆုံးပြဿနာက ဂိုးသွင်းယူမှုအပိုင်းမှာ ခက်ခဲနေတာဖြစ်ပြီး ဒီအချက်က ဘယ်လိုနည်းပြပဲ တာဝန်ယူနေသည်ဖြစ်စေ ပြဿနာရှိလာမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ဂိုးမသွင်းနိုင်ပေမဲ့ အခွင့်အရေးတွေဖန်တီးနိုင်ပြီး မကြာတော့တဲ့ လပိုင်းတွေအတွင်းမှာ ကောင်းမွန် တဲ့အသင်းတသင်းတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြော သွားပါတယ်။
DVB

image