1 w - Translate

အသက်များစွာရဲ့ ကယ်တင်ရှင် လူငယ်လေး
ကလေးငယ်ရဲ့အမည်က 'ပေါများ' တဲ့၊
တရွာလုံး ရေမြုပ်နေချိန်မှာ အသက်(၁၂)အရွယ် လူငယ်လေးက …..

ရေနစ် သေဆုံးရနိုင်တဲ့ ရွာသားများ၊
၇၀ % ရာခိုင်နှုန်းကျော်ကို (၂)ရက်နီးပါး၊
နေ့/ည တစ်ယောက်တည်း စုန်ချည်ဆန်ချည် ကယ်တင်ခဲ့တယ် ။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာအုပ်စု ၊ အောင်သုခကျေးရွာမှာ၊ရုတ်တရက်ရေကြီးလာချိန်မှာ
အိမ်ခြေပေါင်း (၁၇၀)ကျော်ရှိပြီး၊
နေပြည်တော်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအစပ်၊
သာဝတ္တိကနေ ၄မိုင်ခန့်သွားရတဲ့ ကျေးရွာလေးမှ၊နေထိုင်ကြတဲ့ ပြည်သူတွေဟာ မကြုံစဖူး
ရုတ်တရက် ကြီးမြင့်လာတဲ့ ၊
ရေရဲ့ဒဏ်ကို ထိတ်လန့်တုန်လှုပ်သွားမှာကတော့ အသေအချာပါပဲ။

အဲဒီအချိန်မှာ မြစ်ရဲ့သောင်ခုံမှာ တံငါအလုပ်နဲ့၊ အသက်မွေးဝမ်းကျောင်းပြုပြီး မိဘကျောင်းမထားနိုင်လို့၊ကျောင်းမတက်နိုင်တဲ့ ဆိတ်လေးတွေမွေးပြီး ၊အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက် ၁၂ နှစ်အရွယ်သာရှိတဲ့ "ပေါများ"လို့အမည်ရတဲ့ မပေါများတဲ့ဘဝကို ရရှိ၊ ပိုင်ဆိုင်ထားတဲ့ လူငယ် ကောင်လေးဟာ မိမိပိုင်ပစ္စည်းတွေနဲ့ဆိတ်တွေကို ဥပေက္ခာပြုပြီး

တံငါရှာရာမှာ အသုံးပြုနေတဲ့လှေငယ်ကို၊
ရွာဘက်ကို ဦးတည်လှော်ပြီး ၊ငုပ်တုပ်ထိုင်ကြည့်ရင်းမှ ရေနစ်ကာ အသက်ဆုံးရှုံးရမဲ့ မိမိရွာသားတွေရဲ့ ၇၀% ကို ၂ ရက်နီးပါး အသက်အရွယ်နဲ့မမျှအောင် နေ့/ည တစ်ယောက်တည်း အပင်ပန်းအဆင်းရဲခံပြီး မြစ်ကိုဖြတ်ကာ ရေဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပါတယ်။

လူ့ဘဝကရခဲတယ် ရခဲတဲ့လူ့ဘဝမှာအသက်ရှည်ခွင့်ရဖို့က ပိုမိုခက်ခဲပါတယ်။ အဲဒါထက်
ခက်ခဲတာကတော့ ကပ် ၃ ပါးဘေး ကြုံနေချိန် မိမိအသက်ကို မငဲ့ညှာပဲ လူအများကို အသက်နဲ့ယှဥ်ပြီး ကိုယ်ကျိုးစွန့်တာက သာလွန်ခက်ခဲတဲ့အလုပ်ပါ။

ရေကြီးနေစဥ်ကာလမှာလဲ ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေက လာလှူတာကို သူရဲ့လှေငယ်နဲ့ အခမဲ့ နေ့/ည လိုက်လံပြီး လှော်ခတ်ပို့ဆောင် ပါရမီဖြည့်ဆည်းပေးခဲ့ပါသေးတယ်။

လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်ပါပဲ။ ကိုယ်ကျိုးအတ္တကို ဥပေက္ခာပြု အများကောင်းကျိုးကို ရှေးရှုပြီး အတန်းပညာမရှိသော်ငြားတဒင်္ဂအတွင်းမှာ အတ္တနဲ့ ပရ ကို ခိုင်မာပိုင်နိုင်စွာ ဆုံးဖြတ်နိုင်တဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။

Credit

image