1 w - Translate

အညတြ သူရဲကောင်းလေးကို ဝိုင်းဝန်းချီးမြှင့်ကြပါစို့❤️

တရွာလုံး ရေမြုပ်ချိန်မှာ အသက်(၁၂)အရွယ် ကလေးလေးက ရေနစ်​ေ.သဆုံးရနိုင်တဲ့ ရွာသား
၇၀% ရာခိုင်နှုန်းကျော်ကို (၂)ရက်နီးပါး နေ့/ညတယောက်ထဲ ကယ်ခဲ့တယ် ...

အညတြ သူရဲကောင်းလေးကို ဝိုင်းဝန်းချီးမြှင့်ကြပါစို့❤️

ဂုဏ်ယူလေးစားတယ် ကလေးရယ်❤️

အသက် (၁၂)နှစ်အရွယ်သာရှိတဲ့ "ပေါများ" လို့အမည်ရတဲ့ မပေါများတဲ့ဘဝကို ရရှိပိုင်ဆိုင်ထားတဲ့ လူငယ်ကောင်လေးဟာ မိမိပိုင်ပစ္စည်းတွေနဲ့ဆိတ်တွေကို ဥပေက္ခာပြုပြီး တံငါရှာရာမှာ အသုံးပြုနေတဲ့ လှေငယ်ကို ရွာဘက်ကို ဦးတည်လှော်ပြီး ငုပ်တုပ်ထိုင်ကြည့်ရင်းမှ ရေနစ်ကာ အသက်ဆုံးရှုံးရမဲ့ မိမိရွာသားတွေရဲ့ ၇၀% ကို ၂ ရက် နီးပါး အသက် အရွယ်နဲ့မမျှအောင် နေ့/ည တယောက်တည်း အပင်ပန်းအဆင်းရဲခံပြီး မြစ်ကိုဖြတ်ကာ ရေဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပါတယ်❤️

လူ့ဘဝကရခဲတယ်။
ရခဲတဲ့လူ့ဘဝမှာ အသက်ရှင်ခွင့် အသက်ရှည်ခွင့်ရဖို့က ပိုမိုခက်ခဲပါတယ်။ အဲဒါထပ် ခက်ခဲတာက
တော့ ကပ် ၃ ပါးဘေး ကြုံနေချိန် မိမိအသက်ကို မငဲ့ညှာပဲ လူအများကို အသက်နဲ့ယှဥ်ပြီး ကိုယ်ကျိုး
စွန့်တာက သာလွန်ခက်ခဲတဲ့အလုပ်ပါ❤️

ရေကြီးနေစဥ်ကာလမှာလဲ ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေက လာလှူတာကို သူရဲ့လှေငယ်လေးနဲ့ အခမဲ့ နေ့/ည လိုက်လံပြီး လှော်ခတ်ပို့ဆောင် ပါရမီဖြည့်ဆည်းပေးခဲ့ပါသေးတယ်❤️

လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်ပါပဲ
ကိုယ်ကျိုးအတ္တကို ဥပေက္ခာပြု အများကောင်းကျိုးကို ရှေးရှုပြီး အတန်းပညာမရှိသော်ငြားတဒင်္ဂအတွင်းမှာ အတ္တနဲ့ ပရ ကို ခိုင်မာပိုင်နိုင်စွာ ဆုံးဖြတ်နိုင်တဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကိုလေးစားမိပါတယ်❣️

image