1 w - Translate

အောက်တိန်း 92 နှင့် 95 ဈေး အနည်းငယ်တက်လာ
---------------------
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ အောက်တိန်း 92 နဲ့ 95 ဈေးတွေဟာ စက်တင် ဘာလ ၂၇ ရက်မှာ အနည်းငယ် တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၁၃၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၅၈၅ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၃၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ စက်တင်ဘာလ ၂၆ ရက်နဲ့ နှိုင်းယှဉ်ရင် အောက်တိန်း 92 နဲ့ 95 တစ် လီတာကို ၇၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၁၀ ကျပ်လောက် ဈေးနှုန်းမြင့်တက်လာတာဖြစ်ပြီး ပရီမီယမ်ဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းသွားပါတယ်။ အလားတူ နေပြည်တော်အပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးတွေကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်တက်လာ တာကို တွေ့ရပါတယ်။

image