1 w - Translate

ယူရိုပါလိဂ် ပွဲစဉ်တွင် စပါးအသင်း ဂိုးပြတ်အနိုင်ရ
---------------------------
စက်တင်ဘာ ၂၆ ရက်ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ စပါးအသင်းက ကွာရာဘတ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် စပါးအသင်းဟာ ပွဲချိန် (၇)မိနစ်မှာပဲ နောက်ခံလူ ဒရာဂူဆင် အထုတ်ခံရလို့ တစ်ပွဲလုံးနီးပါးကို ဆယ်ယောက်နဲ့ ကစားခဲ့ရတာပါ။

ပွဲချိန် (၁၂)မိနစ်မှာရခဲ့တဲ့ ဂျွန်ဆင်ရဲ့ ဦးဆောင် ဂိုးက စပါးအသင်းရဲ့ ဖိအားတွေကို လျော့ကျစေခဲ့သလို ၅၂ မိနစ်မှာ ပါပီဆားက စပါးအတွက် အနိုင်သေချာစေ မယ့် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၅၈ မိနစ်မှာ ကွာရာဘတ်အသင်း ပင်နယ်တီရခဲ့ပေမယ့် ဘေရာမော့ဗ်ရဲ့ ကန်ချက်က ဂိုးပေါက်နဲ့လွဲခဲ့ပါတယ်။

၆၈ မိနစ်မှာတော့ ဆိုလန်ကီက ဆွန်ဟောင်မင်ရဲ့ ကန်ချက် ဂိုးသမား ပုတ်ထုတ်တာကို ပိတ်သွင်းပြီး စပါးအတွက် တတိယဂိုး ရယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲက မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စပါးအသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်အနိုင်ရတာ ဖြစ်ခဲ့သလို တောင်ပံတိုက်စစ်မှူး ဂျွန်ဆင်အတွက်လည်း စပါးအသင်းနဲ့အတူ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ခဲ့ပါတယ်။ စပါးအသင်းဟာ အခုတစ်ပတ် မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် မန်ယူအသင်းအိမ်ကွင်းကို သွားရောက် ကစားရမှာလည်း ဖြစ်ပါတယ်။

image