1 w - Translate

ဆက်ဇနီနှင့် ဘာစီလိုနာအသင်း ဆွေးနွေးနေ
----------------------
ဘာစီလိုနာအသင်းဟာ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဂိုးသမား တာစတီဂန်ရဲ့နေရာအတွက် ပိုလန်ဂိုးသမား ဆက်ဇနီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် စက်တင်ဘာ ၂၆ ရက်နေ့အထိ အပြီးသတ် သဘော တူညီမှု မရသေးဘူးလို့ သိရပါတယ်။ ဂျာမနီဂိုးသမား တာစတီဂန်ဟာ ဗီလာရီးရဲလ်ကို အနိုင်ရတဲ့ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့ပြီးနောက် ကာလရှည်အနားယူရဖို့ ဖြစ်လာခဲ့တာပါ။

ဘာစီလိုနာအသင်းမှာ အရန် ဂိုးသမား ပီနာ ရှိနေပေမယ့် နည်းပြ ဟန်ဆီဖလစ်ခ်က အတွေ့အကြုံပိုရှိတဲ့ ဂိုးသမား တစ်ယောက်ကို အလိုရှိတယ်လို့ ပြောကြား ထားတာဖြစ်ပါတယ်။ ပိုလန်ဝါရင့်ဂိုးသမား ဆက်ဇနီကတော့ ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားသူဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းမယ်ဆိုရင် ပြန်ကစားမယ်လို့ ပြောခဲ့ပြီးနောက် နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ ဆက်ဇနီ ဘက်က တောင်းဆိုတဲ့ တချို့အချက်အလက်တွေကို ဘာစီလို နာအသင်းဘက်က လိုက်လျော မပေးနိုင်လို့ ဆွေးနွေးမှုက အပြီးသတ်တဲ့အထိ မရောက်သေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျုဗင်တပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ၃ ကြိမ်ရရှိထားတဲ့ ဆက်ဇနီဟာ ပိုလန်လက်ရွေးစင် အသင်းအတွက်လည်း ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။

image