1 w - Translate

ငါးဖယ်သုပ်
°°°°°°°°°°°

ငါးဖယ်ခြစ်.................၁၀ကျပ်သား
ကြက်သွန်နီ................၂လုံး
ကြက်သွန်ဖြူ................၃တက်
ငရုတ်သီးစိမ်း..............၅တောင့်
သံပုရာသီး.................၁လုံး
နံနံပင်(သို့)ရှောက်ရွက်..အနည်းငယ်

ငါးဖယ်ခြစ်ကိုဇလုံတစ်ခုအတွင်းသို့ထည့်ပါ။

ငါးငံပြာရည်၊ဟင်းခတ်မှုန့်၊ အရောင်တင်မှုန့်၊
နနွင်းမှုန့်အနည်းငယ်ထည့်ကာစေးထန်းနေအောင်နယ်ပါ။

ဆီကိုအပူပေးပြီးငါးဖယ်တွေကိုမိမိစိတ်ကြိုက်ပုံစံ
ပြုလုပ်၍ကြော်ကာဆီစစ်အအေးခံထားပါ။

ထိုစဉ်အချိန်အတွင်းကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊နံနံပင်(သို့)ရှောက်ရွက်တို့ကိုပါးပါးလှီးပါ။

ငါးဖယ်ကြော်ကိုလည်းပါးပါးလှီးပြီးပါဝင်ပစ္စည်းအားလုံးရောကာပဲဆီမွှေး၊ ငါးငံပြာရည်၊ဟင်းခတ်မှုန့်ထည့်ကာသံပုရာသီးညှစ်ကာခပ်ဖွဖွလေး
နယ်ပေးပါ။

image