1 w - Translate

"သိဟ်ရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်"

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် သိဟ်ရာသီဖွား (Leo) ဆိုတာ ဇူလိုင်လ ၂၃ရက်ကနေ သြဂုတ်လ ၂၂ရက်အတွင်း မွေးဖွားသူတွေပဲ ဖြစ်ပါတယ်။ ♌️

🥀သိဟ်ရာသီဖွားတွေရဲ့ဖက်ရှင် Taste

သိဟ်ရာသီဖွားတွေဟာ ကြုံလာသမျှအခက်အခဲတွေကို ဘာမှမမှုပဲ ရင်ဆိုင်ဖြေရှင်ဖို့အသင့်ရှိနေတဲ့ သဘောသဘာဝအရ ဖက်ရှင်ပိုင်းမှာလည်း ရဲရင့်တဲ့သူတွေပါ။ သူတို့ဟာ ကာလာအဆန်းတွေ၊ ထူးခြားတဲ့ ဒီဇိုင်းတွေ ဝတ်ဖို့ မတွန့်ဆုတ်သလို အခြားလူတွေက ကိုယ်ဒီလိုဝတ်ထားလို့ ငါ့ကိုကြည့်နေမလားဆိုတဲ့ စိတ်မျိုးလည်း မရှိတတ်ကြပါဘူး။ 😎

တစ်နည်းပြောရရင် အမြဲတမ်းကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနေတတ်တဲ့ သိဟ်ရာသီဖွားတွေဟာ ဖက်ရှင်ပိုင်းဆိုင်ရာဆိုရင်လည်း သူတို့ဆင်မြန်းထားတာနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိနေသူတွေလို့ ဆိုရပါလိမ့်မယ်။🙌

ဒီရာသီဖွားတွေအနေနဲ့ ကိုယ်သဘောကျနှစ်ခြိုက်ပြီဆိုရင် ထူးခြားဆန်းပြားတဲ့ဒီဇိုင်းမျိုးတွေလည်း ဝတ်ရဲတယ်ဆိုပေမယ့် ခုဘာခေတ်စားနေသလဲဆိုပြီး trend နောက်လိုက်ပြီး ဝတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကတော့ သူတို့ရဲ့ထူးခြားချက်တစ်ခုပါ။ ✨ဖက်ရှင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ထူးခြားတဲ့နောက်ထပ်အချက်တစ်ချက် ကတော့ ဒီဇိုင်နာထုတ် အဆင်တန်ဆာတွေကို သဘောကျနှစ်ခြိုက်ကြပြီး၊ ဒီဇိုင်နာထုတ် ဖက်ရှင်ဒီဇိုင်းတွေဆိုလည်း ငွေကုန်ကြေးကျခံကာ ဝယ်ယူလေ့ရှိတာပါတဲ့။ 🤗

🥀ထူးခြားတဲ့အချက်

ကိုယ့်အဝတ်အစား၊ အဆင်တန်ဆာနဲ့ပတ်သက်ရင် ပေါချောင်ကောင်းတွေ ဝတ်တဲ့အထဲ သိဟ်ရာသီဖွားတွေ ဘယ်တော့မှမပါဝင်ပါဘူး။ အနည်းဆုံးကိုယ်က brand တွေ၊ ဈေးသိပ်ကြီးတာတွေမဝယ်နိုင်ဘူးဆိုရင်တောင် ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့အကောင်းဆုံးဆိုတာကိုပဲ ဝယ်ယူဆင်မြန်းလေ့ရှိကြသူတွေပါ။ 💯
သိဟ်ရာသီဖွားတွေရဲ့ဖက်ရှင်ဟာ သူတစ်ပါးနဲ့ခြားနားနေတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ အားလုံးက ဒီနှစ်မှာ ဘာခေတ်စားတယ်ဆိုတာမျိုးအတိုင်း လိုက်ဆင်မြန်းကြရင် သိဟ်ရာသီဖွားက အဲ့ဒါရဲ့ ဆန့်ကျင်ဘက်ကိုအမြဲသွားတတ်လို့ပါ။ ဥပမာ ပွဲတစ်ပွဲကို အခြားလူတွေအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး တက်ကြတဲ့အချိန် သိဟ်ရာသီဖွားမဒီကတော့ သိပ်မမြင့်တဲ့ဖိနပ်လေးနဲ့သာ ပွဲတက်ပါလိမ့်မယ်။ သူများနဲ့ကွဲပြားလွန်းတဲ့ ဖက်ရှင်ကြောင့်ပဲ အများကြားမှာ အမြဲထင်ရှားနေသူတွေဟာ သိဟ်ရာသီဖွားတွေပါပဲ။✨

ဒါ့အပြင် သူတို့တွေဟာ ရုံးတက်တဲ့အခါ၊ အလုပ်သွားရတဲ့အချိန်တွေမှာတောင် suit တွေဘာတွေနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူတွေမို့ အားလုံးကြားမှာ စမတ်ကျလွန်းတဲ့ ရာသီဖွားဆိုရင်လည်း မမှားပါဘူး။

🥀ရွေးချယ်သင့်တဲ့အရောင်နဲ့ clothing itemsများ

သိဟ်ရာသီဖွားတွေအနေနဲ့ ရွေးချယ်ဆင်မြန်းသင့်တဲ့အရောင်တွေကတော့ ရွှေရောင်နဲ့ငွေရောင်ပဲ ဖြစ်ပါတယ်။ လက်ဝတ်လက်စား အဆင်တန်ဆာအနေနဲ့ဆိုရင်တော့ ကျောက်မျက်ရတနာတွေထဲမှာ စိန်ကို ရွေးချယ်ဝတ်ဆင်ဖို့ တိုက်တွန်းထားသလို ရွှေကလည်း သိဟ်ရာသီဖွားတွေအတွက် သင့်တော်ပါတယ်တဲ့။ 💁အဝတ်အစားဒီဇိုင်းတွေထဲမှာ သိဟ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့စတိုင်ကတော့ sexy ဖြစ်တဲ့ဘက်သွားတဲ့ စတိုင်လ်နဲ့ အဝတ်အစားတွေပါပဲ။ Dress အမိုက်စားလေးတွေကလည်း သိဟ်ရာသီဖွားတွေ ရွေးချယ်သင့်တဲ့ အရာတွေလို့ ဆိုပါတယ်။

🥀ရှောင်ရမယ့်အချက်များ

ဆောင်ရန်တွေပြီးတော့ သူများနဲ့မတူ တမူထူးခြားအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေ ဖက်ရှင်ပိုင်းဆိုင်ရာမှာ အထူးသိထားရမယ့်အချက်ကတော့ စိတ်မပါလို့ဆိုပြီး ဖြစ်သလို မပြင်မဆင်ပဲ အပြင်ထွက်တာမျိုး မလုပ်သင့်ပါဘူး။🙅 ဒီရာသီဖွားတွေဟာ သေချာဝတ်စားထားမှသာ အားလုံးရဲ့အာရုံကို သိမ်းပိုက်နိုင်မယ့်သူတွေပါ။ ဒါ့ကြောင့် ကိုယ့်စတိုင်လ်ကို အမြဲဝံ့ဝံ့ကြွားကြွားနဲ့ အများငေးမောရအောင် ဆင်မြန်းတတ်ဖို့ အရေးကြီးပါတယ်။❣️

image