1 w - Translate

စပိန်တွင် အလုပ်ချိန်လျှော့ချရန် လုပ်ငန်းရှင်များကို တွန်းအားပေး
---------------------------
စပိန်အလုပ်သမားတွေ အလုပ်ချိန်လျှော့ချရေးအတွက် အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေအကြား သဘောတူညီချက် တစ်ရပ်ကို တွန်းအားပေးဖို့ မက်ဒရစ်မှာ စက်တင်ဘာ ၂၆ ရက်က ရာနဲ့ချီတဲ့ အလုပ်သမားတွေက ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ UGT နဲ့ CCOO အလုပ်သမားသမဂ္ဂတွေ ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်သူတွေဟာ စပိန်ရဲ့ အဓိက အလုပ်ရှင်များအသင်းရုံးရှေ့မှာ စုရုံးပြီး အလုပ်ချိန်လျှော့ချဖို့ တောင်းဆိုကြွေးကြော်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ပီဒရို ဆန်ချေ့ဇ်ရဲ့ ဆိုရှယ်လစ်တွေက ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ရက်သတ္တပတ် အလုပ်ချိန် နာရီ ၄၀ ထဲက ၂ နာရီခွဲ လျှော့ချမယ့် အစီအစဉ်ကို စီးပွားရေးလုပ်ငန်းတွေ လိုက်နာရေး ဆွဲဆောင်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ အလုပ်ရှင်တွေအတွက် အစိုးရက ဝန်ထမ်း ၁၀ ယောက်အောက် လုပ်ငန်းငယ်တွေကို အလုပ်ခန့်ထားမှု အပိုဆုတွေ ပေးအပ်ထားပြီး တူညီတဲ့ဝန်ဆောင်မှုအဆင့်ကို ထိန်းသိမ်းပြီး အလုပ်ချိန် လျော့ချ မှုကို ထေမိဖို့ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အလုပ်ချိန်လျှော့ချမှုကို အလုပ်ရှင်တွေသဘောမပါဘဲ အတည်ပြု နိုင်ပြီး ၂၀၂၄ ခုနှစ် မကုန်ခင် အဲဒီ လိုလုပ်မယ်လို့ အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ စပိန်လူမျိုးတွေဟာ ဥရောပသားအများစုထက် အလုပ်ချိန် ပိုများပါတယ်။ ၂၀၂၃ ခုနှစ်က ဥရောပသမဂ္ဂရဲ့ တစ်ပတ် ပျမ်းမျှအလုပ်ချိန် ၃၆ ဒသမ ၁ နာရီ ရှိချိန်မှာ စပိန်မှာ ပျမ်းမျှအလုပ်ချိန်က ၃၆ ဒသမ ၄ နာရီဖြစ်တယ်လို့ သိရပါတယ်။

image