1 w - Translate

ဂျပန်ရေတပ်သင်္ဘော ရေလက်ကြားဖြတ်သန်းမှုကို တရုတ်ကန့်ကွက်
-----------------------
တောင်တရုတ်ပင်လယ်အတွင်း တရုတ်-တိုင်ပေ ရေလက်ကြားကိုဖြတ်ပြီး ဂျပန်ရေတပ်သင်္ဘောသွားလာမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ရေလက်ကြားဖြတ်ကျော်တည်ငြိမ်ရေးကို အနှောင့်အယှက် မဖြစ် အောင် ထိန်းသိမ်းဖို့ ဂျပန်နိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလင်ကျန်းက စက်တင်ဘာ ၂၆ ရက်မှာ တိုက်တွန်းခဲ့တာ ဖြစ်ပြီး ဂျပန်ရဲ့လုပ်ရပ် ဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် အပြန်အလှန်နားလည်မှုကို ဆန့်ကျင်တာမို့ တရုတ်တိုင်ပေအရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာဖို့ ပြောဆိုခဲ့ပါတယ်။

တိုင်ပေရေ လက်ကြားကိုဖြတ်ပြီး ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်သင်္ဘောခုတ်မောင်းတာဟာ ပေကျင်းကို ဒေါသထွက် စေခဲ့တဲ့ သမိုင်းဝင် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာတယ်လို့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်စွပ်စွဲ နေတဲ့ အိမ်နီးချင်းတွေအကြား နောက်ဆုံးအငြင်းပွားမှုတစ်ခု ဖြစ်ပါတယ်။

ဂျပန်ဖျက်သင်္ဘော ဆာဇာနာမီဟာ အရှေ့တရုတ်ပင်လယ်ကနေ တရုတ်တိုင်ပေ ရေလက်ကြားကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဝင်ရောက်ခဲ့ ကြောင်း ဂျပန် ယိုမိုယူရီသတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပြီး လမ်းကြောင်းပြီးမြောက်ဖို့ တောင်ဘက်ကို ၁၀ နာရီကျော်ကြာ ခုတ်မောင်းခဲ့တယ်လို့ ဆိုပါတယ်။ တောင်တရုတ် ပင်လယ်မှာ ကြာသပတေးနေ့က စတင်ပြီး ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီလန် သုံးနိုင်ငံရေတပ်တွေ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း ယိုမိုယူရီသတင်းစာက ဖော်ပြခဲ့ပါတယ်။

image