1 w - Translate

ရန်ကုန်မြို့နီးနီးနားနား
နေ့ချင်းပြန်သွားလည်လို့ရမယ့်နေရာ🍀

ရန်ကုန်မြို့နဲ့ အနီးဆုံး
ထောက်ကြန့်မှာရှိတဲ့ကျေးလက်ရဲ့အငွေ့အသက်တွေအပြည့်အဝ ခံစားရမဲ့နေရာလေးTM Farm အပန်းဖြေစခန်း☘️

☘️ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်မှာ
ရန်ကုန်မြို့နဲ့နီးနီးနားနားသွားလည်ချင်ရင် TM Farmကိုသွားလည်ကြည့်နော်

📍TM Farm (လမ်းညွန်)
ထောက်ကြန့်၊ တံခွန်တိုင်ရွာမှာပါ

ကားနဲ့လာချင်တဲ့သူ​တွေ အတွက် ထောက်ကြန့် စစ်သင်္ချိုင်းဘေးလမ်းကနေ ဝင်ရောက်ပြီး TM Farm ကို သွားရောက်ရမှာ ဖြစ်ပါတယ်☘️

ဘတ်စ်ကားနဲ့ သွားရောက်မယ့် သူတွေက YBS No.(37) (36) (35) (32)နဲ့ ထောက်ကြန့် စစ်သင်္ချိုင်းရှိတဲ့ မှတ်တိုင်ဆင်းရမှာပါ မှတ်တိုင်နာမည်က(လမ်းသစ်မှတ်တိုင်)ပါ
(37)ဝါယာလတ်ကားတော့မရောက်ပါဘူးနော်

ကားမှတ်တိုင်ရောက်တာနဲ့ ဆိုင်ကယ်ကယ်ရီတွေ ရှိပါတယ် လမ်းသစ်မှတ်တိုင်ကနေ TM Farm ထိကို ဆိုင်ကယ်ကယ်ရီကနေတစ်ဆင့်စီးသွားရပါမယ်
ဆိုင်ကယ်နဲ့ဆို (၅)မိနစ်ဝန်းကျင်လောက်ပဲ စီးရပြီး TM Farm ရောက်ပါတယ်☘️

ဖွင့်ချိန် နံနက် (၆:၃၀-၆:၀၀) ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်

image