1 w - Translate

ပွဲစဉ်ရေးဆွဲမှု မမျှတကြောင်း ဆွန်ဟောင်မင် ပြော
--------------------
ပိုမိုများပြားတဲ့ ပွဲစဉ်တွေကို ရေးဆွဲနေတာက ကစားသမားတွေအတွက် မမျှတဘူးလို့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောကြားလိုက်ပါတယ်။ ဆွန်ဟောင်မင်က မန်စီးတီးအသင်းကို ဥပမာပေး ပြောသွားခဲ့ပြီး မန်စီးတီးဟာ အာဆင်နယ်အသင်းနဲ့ကစားပြီး ၄၈ နာရီအကြာမှာပဲ ဝက်ဖို့ဒ်အသင်းနဲ့ လိဂ်ဖလားပွဲကစားဖို့ ရေးဆွဲ ထားမှုက ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ပွဲစဉ်ဇယားတွေက ပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ မလွယ်ကူသလို ကစားသမားတွေအတွက်ကလည်း အခုလိုမျိုး ပွဲတွေဆက်တိုက် ကစားရတာက ဒဏ်ရာရနိုင်ချေ ကို ပိုမိုမြင့်မားစေနိုင်တဲ့အတွက် အနာဂတ်မှာ သေချာဆွေး နွေးရမယ့် ကိစ္စဖြစ်လာပါလိမ့်မယ်လို့ ဆွန်ဟောင်မင်က ပြောသွားခဲ့ပါတယ်။ နည်းပြ အန်ဂျီရဲ့ စပါးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ပုံစံသစ်မှာ ပွဲစဉ်တွေ ကစားရဖို့ ရှိနေတာ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ လုံလောက်တဲ့ အနားယူချိန်မရဘဲ ပွဲတွေကို ကစားစေတာက အန္တရာယ်အရှိဆုံး အဆင့်တစ်ခုကို ရောက်နေပြီလို့ စပါးနည်းပြ အန်ဂျီက ပြောထားပါတယ်။

အခုဘောလုံးရာသီမှာ ပြိုင်ပွဲတွေကို ပုံစံသစ်နဲ့အတူ ပွဲစဉ်တွေ များစွာယှဉ်ပြိုင်ရမယ့်အပေါ် ကစားသမားတွေဘက် ကရော အသင်းနည်းပြတွေ ဘက်ကပါ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့ချုပ်တွေအနေနဲ့ ပွဲစဉ်ရေး ဆွဲမှုတွေအပေါ် သေချာ စဉ်းစားဆုံးဖြတ်သင့်တယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ထွက်ပေါ်နေပါတယ်။

image