1 w - Translate

အိန္ဒိယတွင် မိုတိုဂျီပီပြိုင်ပွဲ ကျင်းပနိုင်ဦးမည်မဟုတ်
-----------------
အိန္ဒိယနိုင်ငံမှာ မိုတိုဂျီပီပြိုင်ပွဲ ကျင်းပနိုင်ဖို့က ၂၀၂၆ အထိ ဖြစ်လာဖွယ်မရှိသေးဘူးလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက မိုတိုဂျီပီဟာ အိန္ဒိယနိုင်ငံ အူတာ ပရာဒက်ရှ်ပြည်နယ်က ပြိုင်ကွင်းမှာ လာမယ့် ၃ နှစ်အတွင်း မိုတိုဂျီပီပွဲစဉ်တွေ ကျင်းပဖို့ကို သဘောတူညီထား ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲကို ကျင်းပဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အခြေအနေတွေ ကြောင့် အိန္ဒိယနိုင်ငံမှာ မိုတိုဂျီပီပွဲစဉ်တွေကို ၂၀၂၆ အထိ ကျင်းပနိုင်ဖို့က မလွယ်ကူသေးတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ် လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုတိုဂျီပီ ပွဲစဉ်တွေ ဘယ်တော့ လက်ခံကျင်းပခွင့်ရမလဲ ဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် ၂၀၂၆ အစောပိုင်းမှာလည်း ဖြစ်လာဖွယ်ရှိတယ်လို့ မိုတိုဂျီပီ ပြိုင်ပွဲ ကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အိန္ဒိယမိုတိုဂျီပီ ပွဲစဉ် တွေကို ၂၀၂၄ ပွဲစဉ်ပြက္ခဒိန်မှာ ချန်လှပ်ထားခဲ့ပေမယ့် ၂၀၂၅ ပွဲစဉ် ပြက္ခဒိန်မှာတော့ အရန် အဖြစ်နဲ့ ထည့်သွင်း ထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ၂၀၂၃ မိုတိုဂျီပီပွဲစဉ်မှာတော့ မာကို ဘက်ဇက်ချီက အနိုင်ရခဲ့သလို အဲဒီပွဲစဉ်ကို ပရိသတ် ၁ သိန်းကျော် လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါ တယ်။

image