1 w - Translate

ရေကြီးမှုနှင့် ထိစပ်သည့် အစားအသောက်များ မစားသုံးရန် ထုတ်ပြန်
----------------------------
ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အစားအသောက် ဘေးကင်းနိုင်ရေးနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိ ပေး ကြေညာချက်ထုတ်ပြန် ထားပါတယ်။ ရေကြီးရေလျှံမှုကြောင့် သိုလှောင်ထားတဲ့ အစား အသောက်တွေဟာ ကွဲအက်/ပျက်စီးနိုင်တာ၊ မိလ္လာ/အညစ်အကြေးတွေနဲ့ ရောစပ်နိုင်တာ၊ ဆီတွေနဲ့ အခြားဓာတုပစ္စည်းတွေ ရောစပ်ပါဝင်နိုင်တာကြောင့် အစားအသောက်တွေကို စိစစ်နိုင်ဖို့ အခုလို ထုတ်ပြန်လိုက်တာပါ။

ရေကြီးရေလျှံမှု မထိစပ်တဲ့ အစားအသောက်တွေ၊ သန့်ရှင်းပြီး အညစ်အကြေးကင်းတဲ့ ရေစိုခံတဲ့ ထုပ်ပိုးပစ္စည်းတွေ နဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်တွေနဲ့ စနစ်တကျ သန့်စင်ပြီးနောက် မပျက်စီးတဲ့ စည်သွပ်ဘူးတွေကိုတော့ ဆက်လက် စားသုံးနိုင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ရေကြီးရေလျှံမှုနဲ့ ထိစပ်ထားတဲ့ ချက်ပြုတ်ပြီးတဲ့ အစားအသောက်တွေနဲ့ မချက်ပြုတ်ရသေးတဲ့ အစားအသောက်/ ကုန်ကြမ်းတွေ၊ အရောင်/အနံ့ မကောင်းမွန်တဲ့ သောက်သုံးရေတွေနဲ့ အဖုံးမလုံတဲ့ သောက်ရေသန့်ဘူးတွေ၊ အနံ့အ သက်/အနေအထား/အရောင် မကောင်းမွန်တဲ့ အစား အသောက်တွေ၊ စက္ကူပုံးတွေ ရေစိုမခံတဲ့ ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်တွေ၊ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက် ပျက်စီးနေတဲ့ အစားအသောက်တွေ စတာ တွေကို ဆက်လက်မစားသုံးဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထား တဲ့ အစားအသောက်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက် သွားတဲ့အခါ အအေးဓာတ်ကို ထိန်းမထားနိုင် တော့တဲ့အတွက် အခန်းအပူချိန်အတွင်း ၄ နာရီကြာပြီးနောက် အစားအသောက်တွေကိုလည်း စားသုံးဖို့ မသင့်ဘူး လို့ ကြေညာချက်မှာ ပါရှိပါတယ်။ အကြံပြုချက်အနေနဲ့ ရေကိုကျိုချက်ပြီး သောက်ဖို့ အဖုံးမဖွင့်ရသေးတဲ့ သောက် ရေသန့်ဘူးတွေကိုသာ သောက်ဖို့ အစာမစားမီ လက်ကို ရေ/ဆပ်ပြာနဲ့ စနစ်တကျဆေးဖို့ကိုလည်း အသိပေး ကြေညာထားပါတယ်။

image