Khine Su Zin shared a post  
1 w

1 w

Body sunscreen လိမ်းတာထက် ပိုထိရောက်တဲ့ UV အကျီ🌞

Skincare တဲ့လူအများစုက အပြင်ထွက်တဲ့အခါ body အတွက်ဆို body sunscreen လိမ်းရင် လုံလောက်ပြီလို့ ထင်ကြတယ်နော်။ Sunscreen လိမ်းထားတယ်ဆိုပြီး လက်ရှည်တွေ နေကာတွေမဝတ်တော့ဘူး၊ နေပူထဲထွက်တာကိုလဲ မရှောင်တော့ဘူး။ အဲ့ဒါက လုံးဝကို big mistake ပါ။

Nyi အမြဲပြောနေကျလို sunscreen တွေဆိုတာက မျက်လုံးနဲ့မမြင်နိုင်တဲ့ UV rays တွေကို အဓိကကာကွယ်တာဖြစ်ပြီး အသားအရေပေါ်ကျရောက်တဲ့ direct sunlight ကိုတော့ physical shield တွေဝတ်ပြီး ကာကွယ်ရပါတယ်။ Physical shield ဆိုတာ ထီး ဦးထုပ် လက်ရှည် စတာတွေကို ပြောတာပေါ့နော်။

တကယ်ထိရောက်တဲ့ sun protection ရဖို့ဆိုရင် body sunscreen လိမ်းရတယ်၊ အဲ့လိုအကာအကွယ်တွေလဲ ဝတ်ဆင်ရတယ်ပေါ့။ Body sunscreen ဆိုတဲ့နေရာမှာလဲ လိမ်းတိုင်း protection ရတာတော့ မဟုတ်ဘူး။ လုံလောက်တဲ့ပမာဏ လိမ်းပေးဖို့လိုတယ်၊ ကိုယ်သုံးတဲ့ပစ္စည်းကလဲ အမှန်အကန်ဖြစ်ရမယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရင် ခုချိန်မှာ စျေးတွေကလဲ အလွန်အကြွံတွေဖြစ်ကုန်တော့ Nyi အမြင် လူတော်တော်များများက sunscreen လိမ်းတဲ့အပိုင်းမှာ အားနည်းကုန်ကြမယ်လို့ ထင်တယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာကို sunscreen တွေစျေးအရမ်းမြောက်လို့ မလိမ်းတော့ဘူး၊ နေလောင်ရင်လောင်ပါစေဆိုတာတွေ တွေ့လာရပြီ။

ဒါကြောင့်မလို့ Nyi က body sun protection ပိုင်းအတွက် solution လေးတခု share လုပ်ပေးချင်ပါတယ်။ အထူးအဆန်းတော့ မဟုတ်ဘူး၊ အရင်ထဲကပေါ်တဲ့ UV အကျီအကြောင်းပါ။ တချို့ UV အကျီတွေ အရမ်းတွင်တွင်ကျယ်ကျယ် ဝတ်နေကြပေမဲ့ တချို့ UV အကျီဆိုတာကို မကြားဖူးတဲ့သူတွေရှိတာကြောင့် Nyi ဒီပိုစ့်လေးနဲ့ သူ့ရဲ့အရေးပါပုံကို လူပိုသိသွားစေချင်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် UV အကျီကို UV protection ရအောင် ဘယ်လိုဖန်တီးထားတယ်ဆိုတာကိုတော့ Nyi အနေနဲ့ မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ effective ဖြစ်ပုံကိုတော့ ကိုယ်တိုင်တနှစ်လောက်စွဲဝတ်လာတဲ့သူအနေနဲ့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်။ ခေါင်းစီးမှာတင်ထားသလို body sunscreen လိမ်းတာထက်ပိုထိရောက်တယ်လို့ မြင်မိတယ်ပေါ့နော်။ UV အကျီတွေမှာ UV ကိုဘယ်လောက်ကာကွယ်နိုင်တယ်ဆိုတာကို UPF(UV Protection Factor) နဲ့ဖော်ပြကြတယ်။ များသောအားဖြင့် UPF 30, 40, 50 ပါတဲ့ UV အကျီတွေ တွေ့ရများပါတယ်။

ကိုယ်တိုင်က အရင်ထဲကလဲ အပြင်သွားရင် body sunscreen လိမ်း၊ အကျီလက်ရှည်အမြဲဝတ်ပေမဲ့ ခုနောက်ပိုင်း body sunscreen လိမ်း၊ UV အကျီဝတ်တဲ့အခါ အသားအရေက သိသိသာသာကိုပိုကောင်းလာတာ သတိထားမိတယ်ပေါ့နော်။ တခါတလေ အလုပ်မအားတဲ့ရက်မျိုးဆို body sunscreen လိမ်းဖို့အချိန်မရတော့ရင် UV အကျီပဲဝတ်ပြီးသွားလိုက်တယ်။ နေပူထဲထွက်ရင်တောင် အသားလေးကအေးပြီး နေလောင်တာမျိုး လုံးဝမရှိဘူး။ တခုရှိတာ ကိုယ်က UV အကျီကို branding ကောင်းတာမျိုး သေချာ invest လုပ်ပြီး ဝယ်ဖို့လိုတယ်နော်။ ပေါပေါပဲပဲ တွေ့ရာ UV အကျီကောက်ဝယ်လို့ကတော့ effective ဖြစ်မဖြစ် Nyi လဲမပြောတတ်ပါဘူး။

ရိုးရိုးအကျီလက်ရှည်နဲ့ UV အကျီနဲ့ main difference ဆိုရင် ရိုးရိုးအကျီလက်ရှည်ဝတ်ပြီး နေပူထဲထွက်တဲ့အခါ အသားတွေပူပေမဲ့ UV အကျီနဲ့က အသားလုံးဝမပူတာပါပဲ။ Nyi ကတော့ UV အကျီ alone ‘s better than body sunscreen + ရိုးရိုးအကျီလက်ရှည် လို့တောင်ဆိုပါရစေ။ UV အကျီက အသားအမျိုးမျိုးလာတယ်ပေါ့နော်။ Mesh အသားနဲ့က protection မြင့်ပေမဲ့ ဝတ်ရတာနဲနဲပူပါတယ်။ မိုးရာသီမှာ ဝတ်ချင်တဲ့သူတွေအတွက်က rain coat ကို UV နဲ့လာတာမျိုး ရွေးချယ်လို့ရတယ်။ အသားအေးပြီး UV လဲကောင်းကောင်းကာတာမျိုး၊ နွေမိုးဆောင်းဝတ်လို့လဲ အရသာရှိတာမျိုးဆိုရင်တော့ Nyi ကိုယ်တိုင်လဲဝတ်တဲ့ Uniqlo က AIRism UV hoodie ကိုညွှန်းပါတယ်။ ခေါင်းစွတ်ပါတော့ ဂုတ်မဲတဲ့ပြဿနာကိုလဲ ဖြေရှင်းပြီးသားဖြစ်တယ်။

ဒီပိုစ့်လေးက ကိုယ်တိုင်ရေရှည်သုံးကြည့်ပြီး အဆင်ပြေလို့ ဝေမျှတာပါ။ Body sunscreen မလိမ်းဖို့ တိုက်တွန်းတာမျိုး မဟုတ်ရပါဘူးနော်။ ကိုယ့်ရဲ့အကောင်းမွန်ဆုံး body skin အနေအထားကိုရဖို့ body sunscreen + UV အကျီသာ ဝတ်ကြည့်ပါလို့။ You’ll thank me later! ဒီလောက်ပါပဲနော်။ လိုအပ်နေသူများအတွက် ဒီပိုစ့်လေးက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

#knowledgesharingbynyi
#reviewbynyi
#crd

image