1 w - Translate

ဘောလုံးကစားသမားဘဝမှ ဗာရန်း အနားယူ
---------------------
ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် စီးရီးအေကလပ် ကိုမိုအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းဟာ စက်တင်ဘာလ(၂၅)ရက်နေ့မှာ ကစားသမားဘဝကနေ ရုတ်တရက် အနားယူသွားခဲ့ပါတယ်။ ဗာရန်းဟာ ကိုမို ကစားသမားဘဝ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဆမ်ဒိုးရီးယား အသင်းနဲ့ပွဲစဉ်မှာတင် ဒူးဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေခဲ့ရတာပါ။

အခုအချိန်မှာ အသက်(၃၁)နှစ်အရွယ် သာ ရှိသေးပေမယ့်လည်း ဗာရန်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစား သမားဘဝကနေ အနားယူဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို ကြုံတွေ့ခဲ့ရပေမယ့် လည်း အခုချိန်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ ဗာရန်းက သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ မျှော်လင့် ထားတဲ့အရာတွေထက် ပိုပြီးတော့အောင်မြင် ခဲ့တာဖြစ်လို့ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နောင်တရနေမှာ မဟုတ်ဘူးလို့လည်း ဗာရန်းက ဆက်လက်ရေးသားခဲ့ပါတယ်။ ဗာရန်းဟာ သူ့ရဲ့ကစားသမား ဘဝမှာ လန်းစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူ အသင်းတို့မှာ ကစားခဲ့ဖူးသလို ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား အပါအဝင် တခြားဆုဖလားပေါင်းများစွာကို ကလပ် အသင်းနဲ့အတူ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image