1 w - Translate

မုန်လာဥ ချည်ရည် ချက်နည်း

မုန်လာဥကို ပါးပါးလှီး ရေးဆေး
စစ်ထားပါ မုန်ညှင်းဖူးကို လဲ သင်ပီး
ရေဆေး စစ်ထားပါ မန်ကျည်းစိမ်းကို ရေဆေးပီး ပြုတ်ထားပါ
အိုးထဲသို့ မုန်လာဥ မုန်ညှင်းရွက်
ဆီနဲနဲ နနွမ်း ငပိအနည်းငယ် ခရမ်းချဉ်သီး သုံးလုံးလောက်နဲ့ ထဲ့လုံးပါ ခရမ်းသီး လိပ်သွားမှ
မန်ကျည်းရည် ထဲ့ပီး ကြာကြာလေး လုံးပါ လုံးပီးမှ ရေထဲ့ပါ
ကြာကြာလေး ပွက်မှ ဆား အရသာမှုန့် ထဲ့ပါ ချဉ်ရည်က ကျမှ
မြိန်တာပါ နံနံထဲ့လိုက်ပါ
ခရမ်းသီး ပေါရင် ခရမ်းချဉ်သီး များများနဲ့ ချက်တာ ပို မြိန်ပါတယ်
မန်ကျည်းရည် ထဲ့စရာ မလိုတော့ဖူးပေါ့ ...
မုန်လာဥ အနံ့မွှေးမွှေး လေးနဲ့
ထမင်း မြန်စေတဲ့ ချည်ရည် တစ်ခွက်ပါရှင် .....

image