1 w - Translate

အပူပိုင်းမုန်တိုင်း မက္ကဆီကိုသို့ တစ်ကျော့ပြန်ဝင်ရောက်ဖွယ်ရှိ
----------------------------
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ပိုမိုအားကောင်းလာတဲ့ အပူပိုင်း မုန်တိုင်း ဂျွန်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းကို ပြန်လည်ရွေ့လျားသွားပေမယ့် စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ မက္ကဆီကိုပြည်မကြီးကို ထပ်မံဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းစင်တာ က ပြောပါတယ်။

ဂျွန်ဟာ စက်တင်ဘာ ၂၃ ရက်က အင်အားပြင်း ဟာရီကိန်းမုန်တိုင်းအနေနဲ့ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့ ရာမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူငါးယောက်ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်တွေ ပြိုကျခဲ့ပါတယ်။ နေ အိမ်တစ်သိန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး အဓိကဆိပ်ကမ်းတွေနဲ့ ကမ်းခြေ အပန်းဖြေစခန်းတွေရှိရာ ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ သောကြာနေ့အထိ ပြင်းထန်တဲ့ မိုးရွာသွန်းမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တစ်ယောက်က ခန့်မှန်းထားပါတယ်။

မက္ကဆီကိုရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်က ပြည်နယ်လေးခုမှာ လျှပ်တစ်ပြက် ရေလျှံမှုနဲ့ ရွှံ့ပြိုမှုတွေ ဖြစ် နိုင်ဖွယ်ရှိကြောင်းလည်း သတိပေးထားပါတယ်။ ဟာရီကိန်းတွေဟာ လူသားတွေ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲရာက ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေ အပူချိန်မြင့်မားမှုကြောင့် ပိုမိုအားကောင်းလာပြီး လူမှုအသိုင်းအဝိုင်း တွေမှာ မုန်တိုင်းသက်ရောက်မှုကို ထိန်းကျောင်းရန် အချိန်နည်းပါးသွားစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါ တယ်။

image