1 w - Translate

ဂျော်ဂျီယာပြည်နယ်တွင် မကြုံစဖူး မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း သတိပေး
----------------------------------
ဟာရီကိန်း ဟယ်လင်းန်ဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်အပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့် မယ်လို့ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက စက်တင်ဘာ ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။ ဂျော်ဂျီ ယာပြည်နယ်က ခရိုင် ၁၅၉ ခုကို ကိုဗစ်ကပ်ဘေးကလွဲလို့ ပြင်းပြင်းထန်ထန် သက်ရောက်ခဲ့တာ မတွေ့ခဲ့ ဘူးလို့ ဂျော်ဂျီယာ အရေးပေါ် စီမံမှုအေဂျင်စီနဲ့ အမိမြေလုံခြုံရေးဌာန အကြီးအကဲက အတ္တလန္တာမှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ အယ်လ်ဘားမားတို့က လူသန်း ၄၀ ကျော်ကို ဟာရီကိန်းနဲ့ အပူပိုင်းမုန်တိုင်း သတိပေး ချက်တွေ ထုတ်ပြန်ထားပြီး ယူကာတန်ကျွန်းဆွယ်ရဲ့ ကမ်းရိုးတန်းအနီး အနောက်မြောက်ဘက်မှာ အပူပိုင်းမုန် တိုင်း ဟယ်လင်းန် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ အမျိုးသား မိုးလေဝသ ဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။

ဂျော်ဂျီယာပြည်နယ်ရဲ့ မိုးလေဝသပညာရှင် ဝီလ် လန်စတန်က မုန်တိုင်း ရဲ့ အရှိန်အဟုန်ဟာ ဂျော်ဂျီယာတစ်ခွင် ပြင်းထန်စွာ ရိုက်ခတ်နိုင်ပြီး ပြည်နယ်တောင်ပိုင်း၊ အနောက်တောင်နဲ့ အလယ်ပိုင်းတို့မှာ အမျိုးအစား ၃ အဆင့် ရှိတဲ့ ဟာရီကိန်း သက်ရောက်နိုင်တယ်လို့ သတိပေးပါတယ်။ မုန်တိုင်း ကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်တဲ့ ၁၅ ပေအမြင့် မုန်တိုင်းဒီရေလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ဒေသတွင်း သီးခြားနေရာ တချို့မှာ မိုးရေချိန် ၁၅ လက်မအထိ ရွာချနိုင်လို့ ရုတ်တရက် မြို့ပြရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။

image