1 w - Translate

ဘာအသီးအနှံမှမဝယ်ဘဲ
အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်
တစ်ခါက ကျနော့်မိတ်ဆွေတဦး လာတိုင်ပင်ပါတယ်
အချိုရည်ထုတ်ရောင်းဖို့ အရင်းနီးနဲနဲနဲ့ အမြတ်များများကျန်တဲ့လုပ်ငန်းတဲ့၊ သူပြောပြတာက ရေကို ဓာတုဗေဒအချိုခဲ၊ အချဉ်ခဲတွေနဲ့ ဖျော်မယ်၊ ပြီးရင် အရောင်ထည့်မယ်၊ နောက်အနံ့ထည့်မယ်၊ ပါကင်ဘူးလှလှလေးနဲ့ဈေးကွက်မှာ ဖြန့်လိုက်ရင် ခဏလေးနဲ့ ချမ်းသာသွားနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြပြီး ကျွန်တော့်ကို အကျိုးတူလုပ်ဖို့ စည်းရုံးခဲ့တယ်
နမူနာလည်း လုပ်ပြခဲ့ပါတယ်၊ ဆေးသကြားနဲ့ အချဉ်ခဲနဲ့ဖျော်တယ် ပြီးရင် အဝါမှုန့်နဲ့ရောဖျော်တယ်၊ ပြီးရင်ဆေးပုလင်းလေးနဲ့ လိမ္မော်နံထည့်ပြီး ရောမွှေလိုက်တယ်၊ ထူးခြားတဲ့ လိမ္မော်ရနံနဲ့အရသာရှိတဲ့ လိမ္မော်ရည်ပေါ့ဗျာ၊ သူက သောက်ကြည့်ခိုင်းတယ်၊ ကျွန်တော်က သောက်ကြည့်တာ တကယ့်လိမ္မော်ရည်အစစ်အတိုင်းပါဘဲ
ပြီးတော့ ဒီလိမ္မော်ရည်ကို ကြာရှည်ခံအောင် ဖော်မလင်ထည့် ပုလင်းလှလှ ပါကင်လှလှပိတ်ပြီးရောင်းလိုက်ရင် ရှယ်ဘဲတဲ့၊ တော်လိုက်တာဗျာ၊ သူက ဘယ်လိုလဲ သူနဲ့အကျိုးတူလုပ်မလားလို့ ကျွန်တော့်ကို မေးပါတယ်၊ ကျွန်တော် စဉ်းစားပါတယ် ဒီလိုလိမ္မော်ရည်အတု၊ အခြားအချိုရည်အတုတွေကို ထုတ်လုပ်ပြီးရောင်းရင် သောက်သုံးသူတွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကိုယ်တွေတော့ စီပွားဖြစ်နိုင်တယ်
လုပ်သင့် မလုပ်သင့် စဉ်းစားရင်း မလုပ်သင့်တဲ့ဘက်ကို ဆုံးဖြတ်မိပါတယ်
သူက ကျွန်တော့်ကို သူတတ်ထားတဲ့ chemical ပညာနဲ့ ချမ်းသာစေချင်တာပေါ့၊ ကျွန်တော်ကတော့ ကိုယ်ချမ်းသာပြီး သူများဒုက္ခရောက်မည့် အတွေး၊ အကြံ၊ အပြော၊ အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အကျိုးတူမလုပ်နိုင်ကြောင်း ငြင်းခဲ့ပါတယ်
ဒါပေမဲ့ ခုချိန်မှာတော့ သူ့ရဲ့နည်းပညာများပြန့်ပွားပြီး ဈေးကွက်ထဲမှာ အချိုရည်ပေါင်းစုံကတော့ တောင်ပုံယာပုံပါဘဲ၊ အချိုရည်စက်ရုံတွေသွားစောင့်ကြည့် ဘာလိမ္မော်၊ ဘာသံပုရာ၊ ဘာအသီးမှ အထဲကိုသွင်းတာ မတွေ့ရသလို၊ ဘယ်နေရာမှာမှ စက်ရုံတွေက အသီးအနှံဝယ်တာ မတွေ့ရပါဘူး
အဲအချိုရည်စက်ရုံ တွေမှာ အလုပ်ဆင်းဘူးသူတိုင်း သိပါတယ်။
အဲဒါတွေသောက်ပြီး ခလေးတွေမှာ အသဲ၊ ကျောက်ကပ်တွေ ပျက်ဆီး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်နေကြတာလည်း အမြင်ပါဘဲ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နော် အချို့ကလေးတွေ အဲဒီအချိုရည်တွေ မသောက်ကြဘူး၊ သူတို့ မိဘတွေကလည်း ဝယ်မတိုက်ကြဘူး၊ အဲဒါကြောင့် ဘယ်ကလေးတွေက ပိုကျန်းမာနေလည်း ပတ်ဝန်းကျင်ကို လေ့လာရင်သိနိုင်ပါတယ်
မူရင်းပို့စ်ပိုင်ရှင်ကို credit ပေးပါတယ်

image