1 w - Translate

စာချုပ်သက်တမ်းကုန်တော့မည့် ဆွန်ဟောင်မင် စပါးအသင်းတွင် ဆက်ရှိရန် မသေချာ

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်ရှိနေတာ ကြောင့် အသင်းမှာဆက်ရှိဖို့ မသေချာတော့တဲ့အခြေအနေရောက်ရှိနေပါတယ်။

တောင်ကိုရီးယား တိုက်စစ်ကစားသမားဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ သက်တမ်းတိုးဖို့ကိစ္စ လက်ရှိအချိန်အထိ ဆွေးနွေးခြင်းမရှိသေးကြောင်း ဆွန်ဟောင်မင်က အတည်ပြုပါတယ်။

အခုနှစ်ဘောလုံးရာသီအပေါ် အပြည့်အဝအာရုံစိုက်ထားပြီး အောင်မြင်မှုတစုံတရာ ရယူနိုင်ဖို့ ပစ်မှတ်ထားကြောင်း၊ အနာဂတ်ကို ဘယ်သူကမှ ကြိုပြောလို့မရနိုင်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆွန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက လီဗာကူဆင်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာသူပါ။

စပါးနဲ့ ၁၀ နှစ် ကြာကာလအတွင်း စုစုပေါင်း ၄၁၄ ပွဲ မှာ သွင်းဂိုး ၁၆၄ ဂိုးသွင်းယူပေးထားပါတယ်။
DVB

image