1 w - Translate

ရန်ကုန်မြို့နီးနီးနားနားက
သဘာဝတောအုပ်ကြီးဆီသို့🍀

ရန်ကုန်ကနေတစ်နာရီကျော်ကျော်လောက်မောင်းရုံလေးနဲ့ရောက်ရှိမယ့်
နေရာလေး🌿

ရန်မြို့နီးနီးနားနားခရီးတိုဆိုဒီနေရာလေးသွားကြည့်သင့်တယ်

🍀သစ်ပင်ဝါးပင်တွေက ခြံရံထားတဲ့My Dream Garden

🍀နန်းဆန်ဆန် လှေကားထစ်တွေနဲ့ sky walk လေးက ပုဂံမြို့ရိုးလေးတောင် ပြေးလွမ်းသွားစေဦးမယ်နေရာလေး

🍀Relax and Chill ဆိုတာ ခေတ်ရေစီးကြောင်းမှာ လှိုင်းထနေတာမို့ တကယ့်အနှစ်သာရကိုတွေ့ဖို့ကို ဆို My Dream Garden ထဲ ထိုင်ခုံလေးတစ်လုံးပဲလိုတယ်🌿

🤔ထိုင်မနေချင်ဘူး.. ဘာလုပ်လို့ရသေးလဲ!!

လာပါ ရေကူးကန်ဘက် လှိမ့်ရအောင်🏊‍♂️ ကန်ဘေးမှာလည်း သောက်ရင်းနားဖို့ အရိပ်ကောင်းတဲ့ နေရာ အကျယ်ကြီးရှိသေးတယ် (ရေကူးဝတ်စုံလေးတော့ ယူခဲ့ပေးနော်)

🤔ဘာထပ်ရှိသေးလဲ
Golf ကွင်းကြီး... စိမ်းမြမြ ရောင်စဥ်တွေနဲ့ Golf ကွင်းကြီးကြောင့် ပါတနာတွေနဲ့အတူ စကားစမြည်ပြောရင်း လက်ရည်စမ်းကြတာပေါ့🏌🏼🏌️‍♀️

ကျယ်ဝန်းလှတဲ့ခြံကြီးထဲမှာ တည်းခိုအနားယူဖို့ရာ Bungalow လေးတွေကလည်း ရှိ​သေးတယ်🏠

အစားအသောက်ကရော...
🍀နေ့လည်စာရယ်....
🍀အစာပြေ အကြော်စုံရေနွေးကြမ်းနဲ့ လက်ဖက်သုပ် လေးတွေနဲ့ တည်ခင်းဧည့်ခံပါသေးတယ်☘️

ဝင်ကြေး💵
With meals(နေ့လည်စာ၊နေ့ခင်းအစာပြေအပြီးအစီး)

Weekdays
တစ်ယောက်ကို(၃၂၀၀၀)ကျပ်
Weekend &Holidays(၃၅၀၀၀)ကျပ်

Without meals(နေ့လည်၊နေ့ခင်းအစာပြေမပါဝင်သော)

Weekdays
တစ်ယောက်ကို(၂၅၀၀၀)ကျပ်
Weekend &Holidays(၂၈၀၀၀)ကျပ်

မနက်(၇)ခွဲကနေ ည(၅)နာရီအထိ

☘️အဖွဲ့တိုင်းအတွက် သီးသန့်နားနေခန်းရပါတယ်
အိမ်သာရေချိုးခန်း ထမင်းစားပွဲ မွေ့ယာ၂ခုပါပါမယ်
မီးလာရင် Aircon ရပါမယ်
မလာရင် မီးစက်မပေးပါဘူး
အင်ဗာတာနဲ့ မီးပန်ကာတော့ ပေးပါတယ်
အခန်းကတော့ ရွေးချယ်ခွင့်မရှိပါဘူး
လူအရေအတွက်ပေါ်မူတည်ပြီးအခမဲ့ပေးပါတယ်☘️

နားဖို့အခန်း၊ နေ့လည်စာနဲ့ နေ့ခင်းအဆာပြေဘူးသီးကြော် လက်ဖက်သုပ်လေးကျွေးပါတယ်
စက်ဘီးစီး ရေကူးတာလည်းထပ်မပေးရပါဘူး

နေရာလေးက📍
မှော်ဘီ ညောင်နှစ်ပင်လမ်းမှာနော်
ကိုယ်ပိုင်ကားနဲ့ဆို မှော်ဘီတိုးဂိတ်ရောက်မှ Google map ထောက်ပြီး လာပေးပါနော်
မှော်ဘီ ဂျပန်ဘုရားမှတ်တိုင် စမ်းချောင်းပေါက်မှတ်တိုင်မှာဆင်းပြီး ဆိုင်ကယ်ကယ်ရီ Mini Oway စီးပြီးလာလို့လည်းရပါတယ်
91/106/41/ မှော်ဘီ TU ကားတွေ ရောက်ပါတယ်

image