1 w - Translate

ယူရိုပါလိဂ် ပထမဆုံးပွဲစဉ်တွင် မန်ယူ သရေကျ
-----------------
စက်တင်ဘာလ(၂၅)ရက်နေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက နယ်သာလန်ကလပ် တွမ်တီး အသင်းနဲ့ တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပါတယ်။ မန်ယူအသင်းဟာ အခုပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခဲ့ရသလို ဦးဆောင်ဂိုးလည်း အရင်ဆုံးသွင်းယူနိုင်ခဲ့ပေမယ့် အနိုင်ရရှိအောင် ကစားနိုင်ခြင်း မရှိခဲ့တာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် မန်ယူအသင်းဟာ ရလဒ်ကောင်းရဖို့အတွက် ရက်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်တို့အပြင် အသင်းရဲ့အဓိက ကစားသမားတွေကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ပွဲချိန် တစ်လျှောက်လုံး တွမ်တီးအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် မန်ယူအသင်းဟာ လိုအပ်နေတဲ့သွင်းဂိုး တွေကို သွင်းယူ နိုင်ခဲ့ခြင်းမရှိသလို ရရှိလာတဲ့အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို အဲရစ်ဆင်က ပွဲချိန်(၃၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး တွမ်တီးအသင်း အတွက် ချေပဂိုးကို ပွဲချိန်(၆၈)မိနစ်မှာ လန်မာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ယူရိုပါလိဂ်အစောပိုင်း ပွဲစဉ်တွေအပြီးမှာ ရမှတ်(၁)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာမှာ ရပ်တည်နေပါတယ်။

image