1 w - Translate

အမေရိကန်အခြေစိုက် The Friedkin Group ဟာ အဲဗာတန်အသင်းကို ပိုင်ရှင်သစ်အဖြစ်ရယူပြီးတာနဲ့ နည်းပြ ရှောင်ဒိုက်ရဲ့နေရာမှာ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကို အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားနေပါတယ်။

The Friedkin Group ဟာ လက်ရှိအသင်းပိုင်ရှင် မိုရီရှီရဲ့ရှယ်ယာ(၉၄)%ကို ဝယ်ယူဖို့ အခုအပတ်ထဲမှာ သဘောတူညီမှုရရှိခဲ့တာပါ။

>>>>>>>>>>>

ပေါင်သန်း(၄၀၀)ရရှိမယ့် မိုရီရှီရဲ့ဒီအရောင်းအဝယ်ဟာ ပရီးမီးယားလိဂ်၊အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၊ဘဏ္ဍာရေးဆိုင်ရာကျင့်ဝတ်အာဏာပိုင်တို့ရဲ့ခွင့်ပြုချက်ရရှိဖို့လိုအပ်နေဆဲဖြစ်ပါတယ်။ The Friedkin Group ရဲ့ဝယ်ယူမှုဟာ အဲဗာတန်အသင်းကို လာမယ့်နှစ်မှာ သူတို့ရဲ့ကွင်းအသစ်ထံ အကြွေးကင်းကင်းနဲ့ ပြောင်းရွှေ့နိုင်မယ်လို့ TalkSPORT က ဖော်ပြထားတာပါ။ ဒါ့အပြင် ဒီအဖွဲ့အစည်းဟာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့အတွက် ရှောင်ဒိုက်ကို လမ်းခွဲမယ့်နည်းလမ်းရှာဖွေနိုင်တယ်လို့ သိရပါတယ်။

ရှောင်ဒိုက်ဟာ အဲဗာတန်အသင်းကို ၂၀၂၃ ဇန်နဝါရီကတည်းက စတင်ကိုင်တွယ်နေတာဖြစ်ပြီး ပွဲပေါင်း(၇၀)ကိုင်တွယ်ထားခဲ့ရာမှာ (၂၃)ပွဲနိုင်၊(၁၉)ပွဲသရေနဲ့ (၂၈)ပွဲရှုံးနိမ့်ခဲ့တာပါ။ အဲဗာတန်အသင်းနဲ့ ရှောင်ဒိုက်ရဲ့စာချုပ်ဟာ လာမယ့်နှစ် ဇွန်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အဲဗာတန်အသင်းအနေနဲ့ သူ့ကိုထုတ်ပယ်မယ်ဆိုရင် လျော်ကြေးငွေအနည်းငယ်သာ ပေးချေရမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်း ယူရိုဗိုလ်လုပွဲမှာ (၂)ကြိမ်ဆက်တိုက်ရှုံးပွဲကြုံတွေ့ပြီးနောက် ဇူလိုင်မှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို မကိုင်တွယ်ခင်က အသင်းဟောင်း မယ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုရခဲ့ခြင်းမရှိဘဲ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရပါတယ်။ အဲဗာတန်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး (၅)ပွဲကစားထားရာမှာ (၁)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

image