1 w - Translate

Public ကိုမှ ချမတွဲရင်
သူမင်းကို တကယ်မချစ်ဘူး။

ဘယ်လောက်ကြေးလောင်းမလဲ
မင်းဟာသူ့ရဲ့အဆုံးသတ်အချစ်မဟုတ်ဘူး၊
တစ်နေ့ စွန့်ပစ်ခံလူပဲ။

ငါတို့ငယ်ငယ်က အရုပ်လေးများရရင်
သူငယ်ချင်းတွေကြား ကြွားလို့မဆုံး၊ထုတ်ပြလို့မဆုံး..ကိုင်ကာကိုင်ကာနဲ့
"ငါ့ဟာ..ငါပိုင်တဲ့အရာ"ဆိုပြီး တပြုံးပြုံးတဖြီးဖြီးနဲ့ ထုတ်ကြွားခဲ့တယ်မလား။

အဲ့ဒါပဲ အဖြေက၊
ငါတို့ တကယ်ချစ်ကြရင်
တစ်မိသားစုလုံးနဲ့ ကန့်လန့်တိုက်ရဲသလို၊အရာအားလုံးနဲ့လည်း လဲရဲကြတယ်။
သူဟာ ငါ့ချစ်သူ၊ငါ့အပိုင်လေးဆိုပြီး
Public မှာ ချပြချင်တယ်၊ Private လည်းမထားတတ်ဘူးလေ။

ဒါပါပဲ
Public ချမတွဲဘူး၊ထုတ်မပြဘူး၊
လူသိမခံသေးဘူးဆိုထဲက
မင်းကိုတကယ်မချစ်လို့ပဲ၊
ထပ် ရွေးအုံးမယ့်သဘော၊
ထပ်ထားအုံးမယ့်သဘော။
ထပ် စွန့်ပစ်အုံးမယ့်သဘော...အပျော်သဘော
ခဏသဘော။

#ရဲသူလွင် (အင်ပင်မြို့)

image