1 w - Translate

တိုက်စစ်မှူး ဂျီမီနက်ဇ် ၃ လခန့် အနားယူရဖွယ်ရှိ
----------------------
နယ်သာလန်ကလပ် ဖီယင်နုအသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်ဟာ ပြင်းထန်တဲ့ ပေါင် ဒဏ်ရာကြောင့် ၃ လခန့် အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျီမီနက်ဇ်ဟာ ဘရီဒါအသင်းကို အနိုင်ရခဲ့တဲ့ နယ်သာလန်အမှတ်ပေးပွဲစဉ် ပွဲချိန် မိနစ် ၃၀ မှာပဲ ဒဏ်ရာရခဲ့ပြီးနောက် ကွင်းထဲ ကနေ ထမ်းစင်နဲ့ ထွက်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ဂျီမီနက်ဇ်ရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ၃ လလောက် အနားယူရမှာ ဖြစ်တယ်လို့ ဖီယင်နုအသင်းက အတည်ပြုသွားခဲ့တာပါ။ တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ပြင်းထန်တဲ့ ပေါင်ဒဏ်ရာ ကြောင့် ၃ လခန့်အနားယူရတော့မှာဖြစ်ပြီး ဂျီမီနက်ဇ်အနေနဲ့ ဒဏ်ရာကနေ အမြန်ဆုံးသက်သာလာဖို့ မျှော်လင့် ပါတယ်လို့ ဖီယင်နုအသင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဂျီမီနက်ဇ်ဒဏ်ရာရတဲ့သတင်းက ဖီယင်နုအသင်း တိုက်စစ်ကို အားနည်းစေခဲ့သလို မက္ကဆီကို လက်ရွေးစင် အသင်းအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် ဂျီမီနက်ဇ်ဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်မှာကစား မက္ကဆီကိုအသင်းနဲ့ အမေရိကန်အသင်းတို့ရဲ့ ခြေစမ်းပွဲကိုသေချာ ပေါက်လွဲချော်ရတော့မှာ လည်း ဖြစ်ပါတယ်။

image