1 w - Translate

အာလူးမီးကင်နှင့်မရောနိစ်
........................................


အဆာပြေလုပ်စားနိုင်ဖို့ အာလူး မီးကင်နှင့် မရောနိစ်ပါ။
အာလူးကို အခွံ မခွှာဘဲ ပါးပါးလှီးပြီးကင်ထားတာမို့ စားတဲ့အခါ
အခွံလေးနဲ့မို့ တစ်မျိုးထူးခြား စားလို့ အရမ်း ကောင်းပါတယ်။ ခုပဲ တူတူကင်ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
........................
• အာလူး(အလုံးကြီး) - ၄ လုံး
• ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံလွင်ဆီ - စားပွဲဇွန်း ၄ ဇွန်း
• မရောနိစ် - ၁ ခွက်
• ကြက်သွန်မြိတ် - စည်းဝက် (ပါးပါးလှီးပါ)
• ဘေကွန်ကြော် - အနည်းငယ်

ကင်နည်း
...............
၁။ အရင်ဆုံး အာလူးများကို တံပွတ်တံဖြင့် စင်အောင်သန့်စင်ပြီး
ရေခြောက်အောင် သုတ်ထားပေးပါ။

၂။ ပြီးလျှင် အာလူးများ အောက်ခြေနားထိ ဓားဖြင့် ပါးပါးလှီးပေးပါ။
မှတ်ချက် ။ ။ အာလူးအောက်ခြေပျက်အောင်အထိ မလှီးရပါ။

၃။ ပြီးလျှင် လှီးထားသော အာလူးကြားထဲ ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပါ။

၄။ ပြီးနောက် သံလွင်ဆီများ သုတ်ပေးပါ။

၅။ ထို့နောက် အာလူးများကို Oven (သို့) Air Fry ထဲထည့်ပြီး
၁၈ဝ ဒီဂရီဖြင့် ၄၅ မိနစ်ခန့် အာလူးကျက်သည်အထိ ကင်ပေးပါ။

၆။ အာလူးကင်ရပြီဆိုလျှင် အပေါ်မှ မရောနိစ်၊ ဘေကွန်ကြော်၊
ကြက်သွန်မြိတ်များ ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
........................................

image