1 w - Translate

ရုရှားအပေါ် စစ်တုရင်ကစားခွင့်ပိတ်မှု ပြန်စဉ်းစားမည်
------------------------
ရုရှားနဲ့ ဘီလာရုစ် ပြိုင်ပွဲဝင်တွေကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုကို ပြန်လည် စဉ်းစားဖို့ နိုင်ငံတကာ စစ်တုရင်ကော်မတီ အဖွဲ့ချုပ် အထွေထွေအစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ သိရ ပါတယ်။

ယူကရိန်းအစိုးရနဲ့ စစ်တုရင် ကမ္ဘာ့ချန်ပီယံဟောင်း မက်ဂနက်ကားလ်ဆင်တို့က ရုရှားနဲ့ ဘီလာရုစ် ပြိုင်ပွဲဝင် တွေရဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကာဂျစ္စတန်ရဲ့ တောင်းဆိုမှုကို လက်မခံဖို့ အစော ပိုင်းက တောင်းဆိုထားခဲ့ပေမယ့် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်ရဲ့ အထွေထွေအစည်းအဝေး မဲခွဲဆုံးဖြတ်ချက်အရ ပွဲပိတ်ပြစ်ဒဏ်ကို ပြန်လည်စဉ်းစားပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှား-ယူကရိန်း ဖြစ်ရပ်အပြီးမှာ ရုရှားနဲ့ ဘီလာရုစ် စစ်တုရင်ကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲဝင်ခွင့် ပိတ်ပင် ခဲ့တာဖြစ်ပြီး ကြားနေနိုင်ငံသား အဖြစ်နဲ့သာ ပါဝင်ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ အထွေထွေအစည်းအဝေးကို ဟန်ဂေရီနိုင်ငံရဲ့မြို့တော် ဘူဒါပက်စ်မှာ တစ်ပတ်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တုရင် အားကစားနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

image