1 w - Translate

တောင်ငူခရိုင်အတွင်း လူဦးရေ ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်ခဲ့
--------------------------
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ လတ်တလော ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄၇ ခု ဖွင့်လှစ်ခဲ့ရပြီး လူဦးရေ (၁၂၉၀၀၀)ကျော် ရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၆၁ အုပ်စုမှာ ပျက်စီးသွားတဲ့ စာသင်ကျောင်း ၁၁၈ ကျောင်း၊ လူနေအိမ် ပေါင်း (၂၃၇၂၆)အိမ် ရှိခဲ့ပြီး လမ်းတံတား (၆၉) ခု၊ ပြိုလဲသွားတဲ့ မီးတိုင် ၆၉၂ တိုင်၊ အုတ်တံတိုင်း (၃၇)ခုနဲ့ ပြိုလဲ ပျက်စီးခဲ့တဲ့ ရုံးဌာန ၃၁ ခု ရှိခဲ့တယ်လို့ သိရပါတယ်။

image