1 w - Translate

ဂစ်ဘ်ဝှိုက်၊ ဆန်တိုနှင့် ဟာဇီလာတို့ကို FA စွဲချက်တင်
--------------------------
စက်တင်ဘာလ(၂၂)ရက်နေ့က ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ နော်တင်ဟမ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ အနီကတ်ပြခံခဲ့ရတဲ့ ဂစ်ဘ်ဝှိုက်၊ ဆန်တိုနဲ့ ဟာဇီလာတို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က စက်တင် ဘာလ(၂၄)ရက်မှာ စွဲချက်တင်သွားခဲ့ပါတယ်။ တစ်ဖက်(၂)ဂိုးစီနဲ့ သရေကျခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ နော်တင် ဟမ်အသင်းတို့ပွဲစဉ်မှာ ပွဲချိန်အတွင်း အနီကတ်(၃)ကတ်အထိ ပြသခံခဲ့ရတာပါ။

ပွဲချိန်(၈၃)မိနစ်မှာ နော်တင်ဟမ်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်က ဘရိုက်တန်တိုက်စစ်မှူး ဂျာအိုပတ်ထရိုကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် (၂)ဝါ (၁)နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နော်တမ်ဟမ်နည်းပြ ဆန်တိုနဲ့ ဘရိုက်တန်နည်းပြ ဟာဇီလာတို့က ဒီအဖြစ်အပျက်အပေါ် အချင်းများခဲ့ကြသလို ဒိုင်လူကြီးအပေါ် စောဒကတက်ခဲ့တဲ့အတွက် အနီ ကတ်ကိုယ်စီပြသခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

အက်ဖ်အေက အခုအချိန်မှာ အနီကတ်ပြခံခဲ့ရတဲ့ (၃)ယောက်လုံးကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လာမယ့်စက်တင်ဘာ (၂၇)ရက်အမီ ဖြေရှင်းချက်ပေးရမယ်လို့ သိရပါတယ်။ ဒါကြောင့်မလို့ နော်တင်ဟမ် နည်းပြဆန်တိုနဲ့ ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်တို့ဟာ လာမယ့်စနေနေ့မှာကစားမယ့် ဖူဟမ်အသင်းနဲ့ ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်သလို ဘရိုက်တန် နည်းပြ ဟာဇီလာကလည်း ချယ်လ်ဆီးအသင်းနဲ့ကစားရမယ့်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။

image