1 w - Translate

သြဇာသီး အထွက်နှုန်းနည်းသော်လည်း စျေးကောင်းနေ
------------------------------
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာတွေက ထွက်ရှိတဲ့ သြဇာသီးတွေဟာ အခုနှစ်မှာ အထွက် နှုန်းနည်းပေမယ့် စျေးကောင်းရနေတယ်လို့ သြဇာပင်စိုက် တောင်သူတွေဆီက သိရပါတယ်။ သြဇာသီးတွေဟာ ရာသီစာ သီးနှံတစ်ခုဖြစ်ပြီး အသီးအပွင့်လိုက်ချိန်မှာ မိုးမရွာတာနဲ့ အသီးတင်ချိန်မှာ မိုးများနေတာတွေကြောင့် အသီးအထွက်နှုန်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ သြဇာသီး ထွက်နှုန်းနည်းပေမယ့် အမျိုးအစားပေါ် မူတည်ပြီး ဈေးရရှိတယ်လို့ သရက်မြို့နယ် ဆင်တဲကျေးရွာက သြဇာပင်စိုက် တောင်သူတစ်ယောက်က ပြောပါ တယ်။ သြဇာပင်တွေကိုတော့ သရက်မြို့နယ်က ရေဖြူကျေးရွာနဲ့ ဆင်တဲကျေးရွာတွေမှာ အများဆုံး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ သြဇာသီးတွေကိုတော့ အောင်လံမြို့ မြို့မစျေးကြီးမှာ ကိုယ်တိုင် လာရောက်ရောင်းချကြ တာဖြစ်ပြီး သြဇာသီး အကြီးအသေးပေါ် မူတည်ကာ ကျပ် ၂၀၀ ကနေ ၁၀၀၀ ကျပ်အထိ စျေးရှိတယ်လို့ သိရပါ တယ်။

image