1 w - Translate

ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဗင်နီဆီးယက် ရရှိဟု သတင်းပေါက်ကြား

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီဆီးယက်ဂျူနီယာက ရရှိတယ်လို သတင်းပေါက်ကြား လာပါတယ်။

စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ ဗင်နီဆီးယက်စ်ဟာ ဘလွန်းဒီအောဆု ရရှိကြောင်း အကြောင်းကြားစာလက်ခံရရှိထားပြီးဖြစ်တယ်လို သိရပါတယ်။

ဘရာဇီးတိုက်စစ်ကစားသမားဟာ မနှစ်ကရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းယူခဲ့တာ အပါအဝင် ပြိုင်ပွဲစုံမှာ ၂၄ ဂိုးသွင်း ၁၁ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းမှာ ဗင်နီဆီးယက်အပါအဝင် ဘယ်လင်ဂမ်၊ ရိုဒရီတိုက ဆုရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေ ဖြစ်ပါတယ်။

ဘလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာလ ၂၈ ရက်မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။
DVB

image