1 w - Translate

ဂျာမန်များ စီးပွားရေးလုပ်ချင်စိတ် ဆက်တိုက်ကျဆင်းနေ
-------------------------
ဂျာမန်တွေရဲ့ စီးပွားရေးလုပ်ချင်ကိုင်ချင်စိတ်ဟာ စက်တင်ဘာလအထိ လေးလဆက်တိုက် ကျဆင်းခဲ့ပြီး မျှော်လင့် ထားတာထက် ပိုမိုများပြားလာတယ်လို့ စက်တင်ဘာ ၂၄ ရက်က စစ်တမ်းတစ်ခုမှာ ပြသခဲ့ပါတယ်။ ယူရိုဇုန်ရဲ့ အကြီးဆုံးစီးပွားရေးဖြစ်တဲ့ ဂျာမနီစီးပွားရေးဟာ ဆုတ်ယုတ်မှုဆီ ရောက်ရှိသွားနိုင်တဲ့ အရိပ်အယောင်တွေကို ထပ်လောင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ifo စီးပွားရေးအင်စတီကျူ ဥက္ကဋ္ဌ ကလီမန်းစ် ဖူအက်စ်က ရလဒ်ဟာ ဂန္ထဝင်မြောက်တဲ့ ရုတ်တရက် စီးပွားရေး ကျဆင်းမှုတော့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အရာအားလုံးဟာ ရေတိုပြဿနာမဟုတ်ဘဲ ရှည်ကြာတဲ့ တည် ဆောက်မှုဆိုင်ရာ နှေးကွေးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ် ထရမ့် ပြန်လည်အရွေးခံရဖွယ်ရှိပြီး စွမ်းအင်ဈေးနှုန်းတွေ အဆက်မပြတ် မြင့်တက်လာတာက မသေ ချာမရေ ရာမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါဟာစီးပွားရေးအတွက် အဆိပ် သင့်မှုလို့ သူဖော်ပြခဲ့ဖူးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ မစ္စတာ ဖူအက်စ်က ပြောပါတယ်။ ဂျာမနီဟာ မိမိ စီးပွားရေးကို ကြီးထွားစေလိုရင် ဗျူရိုကရေစီကို သိသိသာသာလျှော့ချဖို့နဲ့ အခြေခံ အဆောက်အအုံတွေ မြှင့်တင်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ထိခိုက်နေရင်တောင်မှ ပြုပြင်ပြောင်း လဲမှုတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေ တွေကို သုံးစွဲမှုတွေကနေ ရင်းနှီးမြှုပ်နှံမှုအထိ ခွဲဝေပေးဖို့ လိုအပ်တယ်လို့လည်း စီးပွားရေးပညာရှင်က ထောက်ပြခဲ့ပါတယ်။

image