1 w - Translate

ဆန်စပါးလက်ကျန် တန် ၄ သန်း ကျန်ရှိဟုဆို
---------------------
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဆန်စပါးလက်ကျန် တန်ချိန် ၄ သန်းလောက် ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် နေပြည်တော်မှာ စပါးစိုက်ဧက ၅၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပြီး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေ နေရာမှာ စပါး အပါအဝင် အခြားသီးနှံတွေ ပြန်လည် စိုက်ပျိုးပေးနိုင်ဖို့ စီစဉ်နေပြီး ဆန်စပါး လက်ကျန်တွေ ရှိနေတဲ့အတွက် ပြည်တွင်းဖူလုံမှုနဲ့ ပြည်ပတင်ပို့မှုတွေက စိုးရိမ်စရာမရှိဘူး လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မျိုးစပါး၊ ဓာတ်မြေဩဇာတွေ ထောက်ပံ့ပေးခဲ့သလို နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)မှာလည်း ဆက် လက်ထောက်ပံ့ပေးဖို့ စာရင်းပြုစုနေတယ်လို့ ဆိုပါတယ်။

image