1 w - Translate

ချန်ဒူးအိုးပင်းချန်ပီယံဆု ရှန်ဂျန်းချန် ရရှိ
------------------
ချန်ဒူးအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တရုတ်တင်းနစ်သမား ရှန်ဂျန်းချန်ဟာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက် တရုတ်တင်းနစ်သမားဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချန်ဒူးအိုးပင်းတင်းနစ် ဗိုလ်လုပွဲမှာ ရှန်ဂျန်းချန်နဲ့ ပဲရစ် အိုလံပစ် တတိယဆုရ အီတလီတင်းနစ်သမား မူဆက်တီတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့်-၅၅ မှာ ရပ်တည်နေတဲ့ ရှန်ဂျန်းချန်အတွက် အခုဗိုလ်လုပွဲက ကစားသမားဘဝ ပထမဆုံး အေတီပီတိုးဗိုလ်လုပွဲ ဖြစ်ပေမယ့် တည်ငြိမ်တဲ့လက်စွမ်းနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးသွားခဲ့တာပါ။ ပထမပွဲ လတ်က အကြိတ်အနယ် ရှိခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ရှန်ဂျန်းချန်က ပွဲအပြတ်အသတ်နဲ့ အသာရခဲ့ပါတယ်။

ပွဲအပြီးမှာ ရှန်ဂျန်းချန်က (၇း၆၊ ၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တရုတ်တင်းနစ်သမား ဝူယီဘင်းပြီးနောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက်တရုတ်တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျူနီယာ တင်းနစ် ပြိုင်ပွဲတွေမှာ ကမ္ဘာ့အဆင့်-၁ နေရာကို ရယူနိုင်ခဲ့ဖူးတဲ့ အသက် ၁၉ နှစ်အရွယ် ရှန်ဂျန်းချန်ဟာ အခုနှစ်မှာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားအဖြစ်လည်း မှတ်တမ်းစိုက် ထူနိုင်ခဲ့ပါတယ်။

image