1 w - Translate

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်း ထိပ်ဆုံးမှရပ်တည်

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက နံပါတ် ၁ နေရာမှာရပ် တည်နေပါတယ်။

ဘောလုံးအချက်အလက် လေ့လာမှုအဖွဲ့ Opta ရဲ့ ထုတ်ပြန်ချက်အရ မန်ယူအသင်းဟာ တပွဲကို အပိုင်အခွင့်အရေး ၃ ကြိမ်အထိလွဲချော်ခဲ့ပြီး စုစုပေါင်း ၅ ပွဲမှာ အခွင့်အရေး ၁၇ ကြိမ်အထိ လွဲချော်ခဲ့တာပါ။

တောင်ပံကစားသမား ဂါနာချိုနဲ့ တိုက်စစ်မှူး ဇီယက်ဇီတို့က အပိုင်အခွင့်အရေး ၄ ကြိမ်အထိ လွဲချော်ခဲ့ပြီး ဘရူနိုဖာနန်ဒက်ဟာလည်း လွဲချော်မှု အမှားအများဆုံး ထိပ်တန်းကစားသမား ၈ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့နောက်မှာ အက်စ်တန်ဗီလာ၊ လီဗာပူး၊ စပါးနဲ့ ဆောက်သမ်တန်အသင်းတွေက အစဉ်လိုက် ရပ်တည်ပါတယ်။
DVB

image