1 w - Translate

"အနာဂတ်"

ကဗျာဆရာလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
ကျောင်းဆရာလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
အဆိုတော်လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
စားရေးဆရာလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
အင်ဂျင်နီယာလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
ဆရာဝန်လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
သိပ္ပံပညာရှင်လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
စစ်သားကြီးလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
ရဲမှူးကြီးလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
နိုင်ငံရေးသမားလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်
ဘာမှမလုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်။

ဒီလိုနဲ့ပဲ ဒီနိုင်ငံမှာ
ဝါသနာနဲ့အိပ်မက်တွေဟာ
မြေမြှပ်ခံလိုက်ရပါတယ်။

-မောင်ထက်ခေါင်
၂၅.၉.၂၀၂၄

image