1 w - Translate

ဒေးဗစ်ဖလားပြိုင်ပွဲဝင်မည့် စပိန်လူစာရင်းတွင် နာဒယ် ပါဝင်လာ
---------------------
ဒေးဗစ်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲအတွက် စပိန်အသင်းရဲ့ ကစားသမားစာရင်းမှာ ဝါရင့် တင်းနစ်သမား နာဒယ် ပါဝင်လာတယ်လို့ ပြိုင်ပွဲကျင်းပရေးက စက်တင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပါတယ်။ စပိန်အသင်း လူစာရင်းမှာ ကမ္ဘာ့အဆင့်-၃ အယ်ကာရက်ဇ်၊ အဂတ်၊ ကာရီနိုဘက်စတာ၊ ဂရန်နိုလာတို့နဲ့အတူ နာဒယ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ပွဲအသွင် နောက်ဆုံး ပါဝင်ကစားပေးထား ခဲ့တာဖြစ်ပြီး ပဲရစ်အိုလံပစ် ဒုတိယအဆင့်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ဒါပေမဲ့ ကြံ့ခိုင်ရေး အားနည်းမှု ပြဿနာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသလို အခုတစ်ပတ် ယှဉ်ပြိုင်ပြီးခဲ့တဲ့ လေဗာဖလားပြိုင်ပွဲဝင် ဥရောပအသင်းလူစာရင်းကနေလည်း နာဒယ်က နုတ်ထွက် ခဲ့ရပါတယ်။

စပိန်တင်းနစ်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေးဗစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် နယ်သာ လန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အခုနှစ်ကုန်မှာ ကစားသမားဘဝကနေ အနားယူရမယ့် နာဒယ်အတွက် ဒေးဗစ်ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်းပွဲလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။

image