1 w - Translate

ရှေ့ဆက်တိုးရင်လည်း
နာကျင်ရမယ့်အတူတူ
ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်လေ ...

ဘယ်လောက် အဝေးကိုပဲ
ပြေးကြည့် ပြေးကြည့် ဘယ်တော့မှ မနီးမယ့်
အနာဂတ်တွေကို ကြိုသိနေရပြီပဲ ။

ကိုယ့်ဖက်က ချည်ထားတဲ့ ကြိုးလေးမို့
ဒီနေ့ထိ မြဲနေခဲ့တယ်ဆိုတာမှန်း
သိလာရလေလေ ပိုနာကျင်ရလေလေပါပဲ

နေနိုင်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းကို မချစ်ပဲ မနေနိုင်ခဲ့ဘူး

နေတတ်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းလောက် မနေတတ်ခဲ့ဘူး ။

ကိုယ်မှ စာ စမပို့ရင်
ကိုယ်မှ ဖုန်း စမဆက်ရင်
အေးစက်နေတဲ့ ဆက်ဆံရေးကိုလေ

ဒီထက်ပိုပြီး နွေးထွေးအောင်
ကိုယ် မလုပ်တတ်တော့ဘူး ထင်ပါတယ် ။

ကိုယ့်ဖက်က ချည်ခဲ့တဲ့ကြိုးလေးမို့
ကိုယ့်ဖက်ကပဲ ပြန်ရုတ်သိမ်းတယ်လို့ပဲ
မှတ်ပါ ။

အဆုံးသ တ်တွေထိ
ရပ်စောင့်နေကြတာထက်စာရင်

ဒီထက်ပိုမနာကျင်ခင်
ရပ်လိုက်ကြတာ ကောင်းပါတယ် ။

//crd

image