1 w - Translate

" Hijab ဖက်ရှင်အတွဲအစပ်အတွက် အိုင်ဒီယာရှာနေတယ်ဆိုရင်"

မင်္ဂလာပါ။👋 ပြီးခဲ့တဲ့ရက်ပိုင်း I am Fashion ရဲ့ Post တစ်ခုအောက်မှာ မေသော့်ကို အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ယောက်က Hijab ဖက်ရှင်နဲ့ပတ်သက်ပြီး ဖက်ရှင်အိုင်ဒီယာလေးရအောင်၊ အတွဲအစပ်အမြင်လေးတွေ ပိုရအောင် ပုံလေးတွေတင်ပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ 💁

အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေရဲ့ ခေါင်းဆောင်း (Veils) နဲ့ပတ်သက်ပြီး အမျိုးအစား Shayla၊ Hijab၊ Hijab Amira၊ Khimar၊ Chador၊ Niqab နဲ့ Burqa စသဖြင့် ၇မျိုးလောက်ရှိပေမယ့် ခု Blog လေးကတော့ Headscarf လို့ အခေါ်များတဲ့ Hijab နဲ့ပတ်သက်တဲ့ ဖက်ရှင်စတိုင်ပုံလေးတွေပဲ ဝေမျှပေးသွားမှာပါ။✨ Hijab ဆိုတာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေရဲ့ဆံပင်နဲ့လည်ပင်းကို ဖုံးပြီးဆင်မြန်းလေ့ရှိတဲ့ traditional scarf ဖြစ်သလို traditional dress code တစ်ခုလည်း ဖြစ်ပါတယ်။

Hijab တွေကို ခုဆို စျေးကွက်ထဲ အဆင်စုံ၊ အရောင်စုံရွေးနိုင်သလို၊ အသားကလည်းမျိုးစုံလာတာမို့ သူ့ကို ဘယ်လို outfit မျိုးတွေနဲ့တွဲမလဲ၊ Hijab အပေါ်မှာရော ဘယ်လို Accessory တွေဆင်မြန်းနိုင်သလဲ၊ ခုလက်ရှိ trendy ဖြစ်နေတဲ့ အဝတ်အစားဒီဇိုင်းတွေနဲ့တွဲမယ်ဆို ဘယ်လိုလေးတွေ ရွေးချယ်သင့်သလဲဆိုတာ Pinterest ပုံလေးတွေ college လုပ်ပေးလိုက်ရပါတယ်ရှင်။ 🙆

image
image
image