1 w - Translate

ချစ်ခဲ့ပါတယ်...
ဘယ်သွားသွား ဘာလုပ်လုပ်
အရိပ်တကြည့်ကြည့်နဲ့ကို
ဂရုတစိုက်နဲ့ ချစ်ခဲ့တာ။
ဘာလုပ်လုပ် ဘယ်သူနဲ့ရှိရှိ
ပွင့်ပွင့်လင်းလင်းပြောပြီး
အရိုးသားဆုံးချစ်ခဲ့တာ ။
အချိန်ပြည့် ရှိမနေနိုင်တာကလွဲရင်
အချိန်တိုင်း နှလုံးသားထဲထည့်ပြီး
အမြတ်တနိုးနဲ့ ချစ်ခဲ့တာ ။
ခုလဲ ကြည့်လေ ...
မပျော်တော့ဘူးဆိုတဲ့အခါ
လက်လွှတ်ပေးလိုက်ပြီး
စွန့်လွှတ်ခြင်းတွေနဲ့ ချစ်ပေးခဲ့မိတယ်။
အတတ်နိုင်ဆုံးဆိုတာထက်
ပိုချစ်ပေးခဲ့မိတာပါ
ဒါပေမယ့်
မဖြစ်နိုင်တဲ့အဆုံးမှာ
ကျန်နေခဲ့ပေးလိုက်တာ
မင်းပျော်ဖို့
ငါ့မျက်ရည်တွေခင်းပြီး
ဆက်လျှောက်ပေါ့။

#ကျေးကို

image