1 w - Translate

မြန်မာရေဘေးအတွက် ဒေါ်လာ ၁ သန်းခွဲကျော်လှူဒါန်း
-------------------------
မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကို ထပ်တိုးလှူဒါန်း သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားပါတယ်။ အခုအကူအညီကို ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ခိုနားဖို့ နေရာတွေ ပေးအပ်ပံ့ပိုးနိုင်ဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံအနေနဲ့ အကူအညီလိုအပ်နေသူတွေကို မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အစီအစဉ်တွေကတစ်ဆင့် ဆက်လက်ပံ့ပိုးနေသလို လက်ရှိ ပံ့ပိုးထားတဲ့ အကူအညီတွေကို ရေဘေးကူညီ တုံ့ပြန် ရေးလုပ်ငန်းမှာ ပိုမိုဦးစားပေးအသုံးပြုနိုင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်နေတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကူအညီလိုအပ်နေသူအားလုံးထံ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုတွေကို ပို့ဆောင်ပေးအပ်နိုင်စေဖို့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း တောင်းဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

image