1 w - Translate

စွမ်းအင်ကွန်ရက်သည် ယူကရိန်း၏အားနည်းချက်ဖြစ်ကြောင်း ဇယ်လန်းစကီးပြော
------------------------------
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပူတဲ့ရာသီအတွက် ပြင်ဆင်နေရပြီး နေ့စဉ် တိုက်ခိုက်ခံနေရတဲ့ စွမ်းအင် ကွန်ရက်ဟာ ယူကရိန်းရဲ့ အားနည်းချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ သမ္မတ ဇယ်လန်းစကီးက အမေရိကန်စီးပွားရေးလုပ်ငန်းတွေက ကိုယ်စား လှယ်တွေနဲ့ စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

ယူကရိန်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ တိုက်ခိုက်ခံရမှုတွေကြောင့် ဒီနှစ်ကုန် ဓာတ်ငွေ့ဖြန့်ဖြူး ရေး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မျှော်လင့်ထားတဲ့ အမြင့်ဆုံးဝယ်လိုအားရဲ့ သုံးပုံတစ်ပုံလောက်အထိရောက် ရှိနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီက ပြီးခဲ့တဲ့သီတင်းပတ် အစီရင်ခံစာမှာ ပြောဆိုခဲ့ပါတယ်။

မော်စကိုက အထူးစစ်ဆင်ရေးစတင်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ရေးပဋိပက္ခတွေမှာ လူထောင် ပေါင်းများစွာ သေဆုံးခဲ့ပြီး ယူကရိန်း သန်းပေါင်း များစွာ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ယူကရိန်းမြို့ရွာတွေလည်း ပျက်စီးခဲ့ပြီး မြို့ပျက်ရွာပျက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးတွေအပြီး သီတင်းပတ်နှောင်းပိုင်းမှာ ဇယ်လန်းစကီးဟာ ဝါရှင်တန် ကို သွားရောက်ပြီး သူရဲ့ အောင်ပွဲအစီအစဉ်ကို တင်ပြတာနဲ့ နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူအနိုင် ရရ စစ်ပွဲနဲ့ ပတ်သက်တဲ့ အိမ်ဖြူတော်ပေါ်လစီကို လွှမ်းမိုးဖို့ ကြိုးစားမယ်လို့ သိရပါတယ်။

image