1 w - Translate

"ဒိတ်အောက်သွားတယ်ဆိုတာမျိုး ဘယ်တော့မှမရှိတဲ့ Classic Fashion Style"

မင်္ဂလာပါချစ်တို့ရေ။ 🙏 ဒီနေ့တော့ အချိန်တွေဘယ်လိုပဲပြောင်းပြောင်း၊ ဖက်ရှင်ရေစီးကြောင်းတွေဘယ်လိုပဲ စီးဆင်းနေပါစေ ဘယ်တော့မှရိုးမသွားနိုင်တဲ့ Classic Fashion Style အကြောင်းပြောကြရအောင်နော်။ 💁‍♀️

Classic style ဆိုတာဟာ အရေအတွက်ထက် အရည်အသွေးကို ပိုဦးစားပေးတဲ့ ဖက်ရှင်စတိုင်တစ်ခုပါ။ ခေတ်ပေါ်အဝတ်အစားမျိုးထက် အချိန်ခဏလေးနဲ့ ပျောက်မသွားပဲ အချိန်တိုင်းပြန်တွဲစပ်ဝတ်ဆင်နိုင်မယ့် ဒီဇိုင်းမျိုးတွေ၊ ကိုယ်နဲ့တိုင်းချုပ်ထားတဲ့ အဝတ်အစားတွေ၊ neutral colour တွေကို အမြဲအခြေခံရွေးချယ်ပြီးမှ ကိုယ်သဘောကျတဲ့ Bold colour တွေနဲ့ကစားဝတ်တတ်တဲ့ အခြေခံသဘောတရားတွေ၊ သိမ်းထားပြီးမှ ပြန်ထုတ်ဝတ်လည်း ရိုးသွားတယ်ဆိုတာမရှိတဲ့ ရှပ်အကျီတွေ၊ အနက်ရောင် dress တွေ၊ အစင်း၊ အစက်၊ ပွင့်ရိုက်အဆင်ဒီဇိုင်း တွဲစပ်မှုတွေကို ဒီ Classic Fashion Style မှာ မြင်ရပါလိမ့်မယ်။ 💕🔥

Classic Style နဲ့ ပတ်သက်ပြီး Soft Classic၊ Edgy Classic၊ Minimal Classic ၊ Cute Classic နဲ့ Sporty Classic ဆိုပြီး (၅)မျိုးထပ်ခွဲနိုင်သေးပေမယ့် အတွေ့ရအများဆုံး အဝတ်အများဆုံးကတော့ Soft Classic နဲ့ Edgy Classic ပဲ ဖြစ်ပါတယ်။ ☝️

Soft Classic မှာတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း Knit wear၊ sweater အရောင်နုလေးတွေကို wash jean လေးတွေနဲ့ တွဲမယ်၊ floral dress လေးတွေကို pump heel လေးတွေနဲ့စီးမယ်။ Shirt အဖြူတွေ၊ အပြာတွေကို Dress Pant တွေနဲ့ တွဲချမယ်။ အပေါ်ထပ်အနေနဲ့Basic Cardigan အရောင်နုလေးတွေကို ရွေးတတ်သလို တစ်ခါတစ်လေ အသားရောင် Trench Coat ထပ်ဝတ်ချင်ဝတ်မယ်၊ စတာတွေက Soft Classic ဘက်သွားတဲ့စတိုင်ပါ။ 💓💁‍♀️

Edgy Classic ကျတော့ အရောင်ဆို အနက်ရောင်ကိုပဲ ပိုအသေားပေးရွေးတတ်ပြီး ကိုယ့်outfit မှာ လည်သာနဲ့ပတ်သက်တဲ့ ဘောင်းဘီ၊ Jacket စတာလေးတွေနဲ့ တွဲဝတ်ထားတာပါလာမယ်။ Animal Print တွေ၊ destroyed fabric လေးတွေရွေးဖြစ်တယ်။ ဖိနပ်တွေ၊ အိတ်တွေ စတာတွေမှာ stub လေးတွေနဲ့အလှဆင်ထားတာမျိုး ကိုင်ဖြစ်ဝတ်ဖြစ်မယ်။ နောက် zip များများပါတဲ့ အကျီဒီဇိုင်းတွေ၊ အထပ်ထပ်စကတ်တွေကို ရွေးဖြစ်တယ်ဆိုရင် ကိုယ်က Classic Style ပေမယ့် Edgy vibe ရတဲ့ စတိုင်မျိုးလို့ သတ်မှတ်ပါတယ်။ 🖤💁‍♀️

တကယ်တော့ Classic Style ဟာTimeless ဖြစ်တယ်ဆိုတာထက် ထသွားထလာ၊ ပွဲအခမ်းအနား၊ ဒိတ်၊ အင်တာဗျူး ဘယ်နေရာနဲ့မဆို အံဝင်ခွင်ကျဖြစ်တဲ့ ဖက်ရှင်စတိုင်တစ်ခုပါပဲ။ 👏

image