1 w - Translate

လာဘ်စားမှုအတွက် အပြစ်ရှိကြောင်း စင်ကာပူဝန်ကြီးဟောင်းဝန်ခံ
------------------------
လာဘ်စားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စင်ကာပူပို့ဆောင်ရေးဝန်ကြီးဟောင်း ဆူဘရမ်နီယန် အစ္စဝါရန်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း အင်္ဂါနေ့ ရုံးချိန်းမှာ တရားရုံးကို လျှောက်လဲခဲ့ပါတယ်။ အစိုးရရှေ့နေတွေက စွဲချက်တွေထဲက တချို့ကို ပိုပြီး အမှုပေါ့တဲ့ စွဲချက်တွေနဲ့ အစားထိုးပြင်ဆင်စွဲဆိုခဲ့တဲ့နောက် မှာ ဝန်ကြီးဟောင်း အစ္စဝါရန်က အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တာပါ။

ဒါဟာ သူ့ရဲနာမည်သန့်ရှင်းစေဖို့အတွက် အမှုရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောဆိုပြီး လအတန်ကြာမှာ အပြစ်ရှိ ကြောင်း လျှောက်လဲလာခဲ့တာလည်း ဖြစ်ပါ တယ်။ အသက်(၆၂)နှစ်ရှိပြီဖြစ်တဲ့ အစ္စဝါရန်ဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ အရ စွဲဆိုတဲ့ စွဲချက်(၄)ခုနဲ့ တရားစီရင်ရေးကို ပိတ်ဆို့တားဆီးမှု စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီပြစ်မှုဆိုင်ရာ ပုဒ်မတွေက အစိုးရ အရာရှိ တွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လက်ခံရယူခြင်းကနေ တား မြစ်ထားပါတယ်။

ပြစ်ဒဏ်ချမှတ်စီရင်ရာမှာ နောက်ထပ် စွဲချက်ပေါင်း( ၃၀)ကိုလည်း ထည့်သွင်းစဉ်းစားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီတန်ဖိုးကြီးပစ္စည်း လက်ခံမှုမှာ ဘောလုံပွဲ၊ ကဇာတ်ရုံနဲ့ စင်ကာပူ F1 Grand Prix (အက်ဖ်ဝမ်း ဂရန်း ပရစ်) ကြည့်ခွင့် လက်မှတ်တွေ၊ ဝီစကီအရက်၊ နိုင်ငံတကာ လေယာဉ်စီးနင်းခွင့်နဲ့ ဟိုတယ်အခန်း ငှားရမ်းခ စတာတွေ ပါဝင်ပါတယ်။ အဲဒီ အရာတွေအတွက် ကျသင့်တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၄)သိန်းဖိုးလောက်အထိ ရှိနေပါတယ်။

image