1 w - Translate

တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးကြီးနိုင်
---------------------
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အများစုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က စက်တင်ဘာ ၂၅ ရက်၊ မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီခွဲ အချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ မုတ်သုံလေအားကောင်းနေတာကြောင့် နောက် ၄၈ နာရီအတွင်း ရန်ကုန် တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်း တိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့ အနေနဲ့ ကြိုတင်သတိပြုသွားလာဖို့ သတိပေး နှိုးဆော်ထားပါတယ်။

image