စိတ်မှာ အဆင်မပြေတာလေးတွေ ခံစားနေရတယ် ဆိုရင်တော့ ...

⭐️ 1. Think Positive - အကောင်းမြင် စိတ်လေးနဲ့ နေပါ။
အရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်။ ဒီတော့ အရာရာကို ကောင်းတဲ့ဘက်က ပြောင်းတွေးကြည့်ပါ။

⭐️ 2. Eat Better - ကောင်းကောင်းစားပါ။
ကျန်းမာပြီး အာဟာရကောင်းကောင်း ဖြစ်စေမယ့် အရာတွေကို စားပါ။

⭐️ 3. Sleep Well - အိပ်ရေးဝအောင် အိပ်ပါ။
အတွေးတွေ များပြီး အိပ်မပျော်ခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

⭐️ 4. Exercise Often - မကြာခဏ လေ့ကျင့်ခန်းလုပ်ပါ။
သင်စိတ်ပါတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်ခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို စိတ်ဖိစီးမှုတွေကိုလဲ လျော့ကျစေပါတယ်။

⭐️ 5. Take Meditation - တရားထိုင်ပါ။
ခုနောက်ပိုင်း ဗုဒ္ဓဘာသာမှ မဟုတ် အနောက်နိုင်ငံ အတော်များများလဲ စိတ်ငြိမ်အောင် စိတ်ဖိစီးမှုတွေ လျော့နဲအောင် ကျန်းမာရေးကောင်းအောင် စသည်ဖြင့် တရားထိုင်တဲ့ အလုပ်ကို လုပ်လာကြပါတယ်။

#myothihakyaw ~ Randy

⭐️ 6. Reading - စာဖတ်ပါ။
ကိုယ်စိတ်ဝင်စားတဲ့ စာပေတစ်ခုခုကို ဖတ်ရှုပါ။ သုတ၊ ရသ အပြင် ပုံပြင်တွေ၊ ဟာသတွေ ဖတ်ခြင်းဖြင့် စိတ်ခွန်အားတွေ ဗဟုသုတတွေရရှိမှာပါ။

⭐️ 7. Do Something You Love - ကိုယ် ဝါသနာပါတာ တစ်ခုခုကို လုပ်ပါ။
ပန်းချီဆွဲတာတို့၊ လက်မှုပစ္စည်းလေးတွေ ဖန်တီးတာတို့၊ သီချင်းဆိုတာတို့၊ ကဗျာရေးတာတို့ တစ်ခုခုလုပ်ကြည့်ပါ။

⭐️ 8. Listen Music - သီချင်းနားထောင်ပါ။
ကိုယ်နှစ်သက်တဲ့ သီချင်းတွေကို နားထောင်တာကလဲ သင့်ကို Relax ဖြစ်စေမယ့် အပြုမူတစ်ခုပဲဖြစ်ပါတယ်။

⭐️ 9. Watch Happy Movie - ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဇာတ်ကားတွေ ကြည့်ပါ။
သင် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ပျော်စရာ ဇာတ်ကားလေးတွေ Happy Ending တွေ Romance တွေ ရှာဖွေကြည့်ပါ။

⭐️ 10. Learn Something For Your Life - သင့်ဘဝအတွက် အကျိုးရှိမည့် ပညာရပ် တစ်ခုခုလေ့လာပါ။
အခုခေတ်မှာ အိမ်မှာနေရင်း Online ပေါ်မှ ရှာဖွေပြီး ကိုယ့်အတွက် အကျိုးရှိမည့် အရာတွေ အတော်များများကို လေ့လာလို့ ရနေပါပြီ။

⭐️ 11. လုပ်လို့ရတဲ့ အရာတော်တော်များများကို ပြောပြီးနောက် Social Media ကိုတော့ အရင်ကထက် လျော့သုံးစေချင်ပါတယ်။ သတင်းအချက်အလက် ရတာမှန်ပေမယ့် Negative တွေ, အကျိုးမရှိတာတွေ မြင်ရတာ အရမ်းများတာရယ်၊ အချိန်ကုန်တာရယ်ကြောင့် လျော့စေချင်တာ ဖြစ်ပါတယ်။

Have A Nice Day! ♥️♥️♥️

#မျိုးသီဟကျော် ~ #randy
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

image