1 w - Translate

ချောကလတ်လေးတွေကအချစ်ရဲ့သင်္ကေတချိုမြိန်မှု နူးညံ့နွေးထွေးမှု ပေးတဲ့ပြပုဒ်ဆိုလည်း
မမှားဘူး အလဲ့ 🤭

ဒါဆို ချော့ကလတ်ပူပူနွေးနွေးတခွက်ကရော 😅

နေမကောင်းတဲ့အချိန်တော့ဒါလေးကလည်း
အချစ်ကပေးတဲ့ နွေးထွေးမှူတခုပေါ့

စော်မရှိဘဲမရှိရင်နေ ဒါမျိုးတဗူးရှိလို့ကတော့ တလမှာ ၂၅ ရက်လောက်က တစ်ယောက်တည်းနဲ့တောင် အချစ်တွေနဲ့ ပြည့်နေပီ လဲ့လဲ့ 😝😝

ကဲပေါက်ကရပြောတာရပ်ပီးအတည် Review မယ်

ဒါလေးက 100 % Pure CoCoa Powder ဖြစ်လို့ A little လေးခါးပါတယ် အဆိမ့်ကြိုက်တဲ့သူတွေအတွက် နို့ဆီ/နို့စိမ်း add on ပါ

ကိုယ်ကတော့ နွားနီနို့ဗူးသေးသေးလေးနဲ့ရောဖျော်ပါတယ်

Low Fat ဖြစ်တဲ့အတွက် များများသောက်မိလည်းဝိတ်မတတ်စေဘူး အပူကြိုက်ရင်အပူဖျော်သောက် အအေးကြိုက်ရင် ရေခဲနဲ့ဖျော်ပီးအအေးလုပ်သောက် တော်တော်လေးမိုက်

ခါးစိမ့်စိမ့်လေးမို့ ရာသီဥတုအုံမှိုင်းမှိုင်းလေးဆို Mood အရမ်းကောင်းနေပီ 🤭🍫

နောက်တခု ဝယ်သင့်တဲ့အချက်က စျေးပါ

- ခုလိုကုန်စျေးနှုန်းက
သကြားမင်းထိုင်ခုံနားရောက်နေချိန်

အပြင်မှာ Cold Chocolate 🍫
Hot Chocolate တခွက်

၅၀၀၀/၆၀၀၀ လောက်ပေးသောက်နေရချိန်

တလဝန်းကျင် ၂၅ ခွက်လောက်
ဖျော်သောက်လိူ့ရတဲ့ တဗူးကို
၈၀၀၀/၉၀၀၀ ကျော်ဝန်းကျင်လောက်နဲ့
ရနေတာကတော့ တကယ်တကယ် Appreciate လုပ်သင့်တာပါ တန်လွန်းတယ်

ပီးတော့နောက်တခုက ဝိတ်မတတ်စေဘူး

Low sugar
Low flour
No transfat
No saturated fat
No added creamer ဖြစ်တဲ့အတွက် Keto သမားတွေ မျက်စိမှိုတ်ပီးသာဝယ်ထားသင့်တယ်

ဘာအရောအနှောမှမပါလို့ vegetarian သမားတွေ ဝိတ်ချတဲ့လူတွေ ကလေးတွေပါ
သောက်လို့ရပါတယ်

Chocolate drink လည်း သောက်ချင်တယ်
ဝိတ်တက်မှာလည်း ကြောက်တယ်ဆိုသူတွေအတွက် ဒါလေးစမ်းသောက်ကြည့် Feeling So Good

ကိုယ်ကချော့ကလတ်မကြိုက်တတ်ဘူး ဒါပေမယ့် ချော့ကလတ်ပူနွေးနွေးအနံ့ကိုသဘောကျလို့ သောက်ဖြစ်နေတယ်

တခုသတိပြုရမှာက အသုံးပြုပီးရင်အဖုံးကိုလုံအောင်ဖုံးပါ ဒါမှခဲတာမျိုးပိုးမွှားဝင်လို့
ပျက်စီးတာမဖြစ်မှာပါ

ဘယ်နားဝယ်လို့ရလဲဆို BKK / Os နေရာစုံမှာစျေးပေါင်းစုံနဲ့ ပုံပြပီးစိတ်ကြိုက်ဝယ်

ကောင်းပီးစျေးသင့်တာလေးမို့ လက်တို့လိုက်ပီ
ကော်ဖီနဲ့ ရောဖျော်ရင်လည်းအရသာအသစ်တမျိုးထွက်သေးတယ်သက်လား 🤭🤭


#reviewwithme #reviewpost

image
image
image
image